Connect with us

North America

ကန်တက်စကီးပန်းခြံ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား ၂ ဦးသေ၊ ၄ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ ကန်တက်စကီးပန်းခြုံ၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြင်တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ချီကာဂို ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကန်တက်စကီးပြည်နယ် Louisville မြို့ရှိ Shawnee ပန်းခြံ၌ နိုဝင်ဘာလ ၂၄ ရက်( ကျေးဇူးတော်နေ့) တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသွားကြောင်း သိရသည်။

အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူရော သေနတ်သမားပါ မည်သူမည်ဝါဖြစ်သူကို သိရှိရသေးခြင်းမရှိပေ။အခင်းဖြစ်နေရာ အနီးတစ်ဝိုက်ကို ရဲတပ်ဖွဲ့ဝင်များက လမ်းပိတ်ဆို့ထားကြောင်း ပြည်တွင်းသတင်းဌာနများက သတင်းဖော်ပြခဲ့သည်။အခင်းဖြစ် ပန်းခြံထဲ၌ လူရာပေါင်းများစွာသည် နှစ်စဉ်ကျင်းမြဲဖြစ်သော သစ်သီးဘောလုံးပွဲပါဝင်ဆင်နွှဲရန်စုရုံးရောက်ရှိနေစဉ် နိုဝင်ဘာလ ၂၄ ရက် ညနေပိုင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ပေါက်ကွဲမှုဖြစ်ပွားစဉ် Louisville မြို့တော်ဝန် Greg Fischer လည်း ပွဲတော်ဆင်နွှဲရန် အခင်းဖြစ်နေရာသို့ရောက်ရှိနေကြောင်း ၊ ဗုံးပေါက်ကွဲသည့်နေရာနှင့် ကိုက် ၂ဝဝ ခန့်သာ ကွာဝေးကြောင်း ဒေသတွင်း သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။(Xinhua)