ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်း ဒေသကြီး ပုလောမြို့နယ် ၌ ဒီရေတော ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် ထိန်းသိမ်းရေး အဖွဲ့သုံးဖွဲ့ကို ရွေးချယ်ခဲ့ပြီး ယခုနှစ်အတွင်း ထိန်းသိမ်းရေး လုပ်ငန်းများ စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း အနာဂတ် ဒီရေတောများ အဖွဲ့ (MFF)...
နယူးယောက်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အိုပက် (OPEC) အဖွဲ့ဝင်နိုင်ငံများက နိုဝင်ဘာလအတွင်း တွေ့ဆုံမှုတွင် ရေနံ ထုတ်လုပ်မှု လျှော့ချရန် ကတိပြုခဲ့ကြသောကြောင့် ရေနံ ဈေးနှုန်း မြင့်မားနေခြင်း အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။
ရီရာ့ဒ်၊ အောက်တိုဘာ (၁၉) ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာန က ဆော်ဒီမင်းသားတစ်ဦးအား ဆော်ဒီ နိုင်ငံသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အတွက် သေဒဏ်ချမှတ်ခဲ့ကြောင်း အောက်တိုဘာ ၁၈ ရက်က ကြေညာခဲ့သည်ကို ဆော်ဒီ သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၌ ယနေ့ နံနက်ပိုင်းတွင် ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူယာဒက်ရှ် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်း စာအုပ်တွင် လက်မှတ်ရေးထိုးကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) Shenzhou-11 အာကာသယာဉ်မှ အာကာသယာဉ်မှူးများသည် အောက်တိုဘာ ၁၉ ရက် ပေကျင်းစံတော်ချိန် နံနက် ၆း၃၂နာရီ တွင် Tiangong-2 အာကာသဓါတ်ခွဲခန်း သို့ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့ကြောင်း ပေကျင်း လေကြောင်းအာကာသ ထိန်းချုပ်မှု စင်တာ (BACC) ၏ ပြောကြားချက်အရသိရသည်။