Connect with us

Latin America

အိုပက် (OPEC) သဘောတူညီမှု ရရှိပြီးနောက် ရေနံဈေးနှုန်းမြင့်တက်လာ

ရေနံတူးစင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးယောက်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

အိုပက် (OPEC) အဖွဲ့ဝင်နိုင်ငံများက နိုဝင်ဘာလအတွင်း တွေ့ဆုံမှုတွင် ရေနံ ထုတ်လုပ်မှု လျှော့ချရန် ကတိပြုခဲ့ကြသောကြောင့် ရေနံ ဈေးနှုန်း မြင့်မားနေခြင်း အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။

ရေနံ တင်ပို့သည့် နိုင်ငံများ အဖွဲ့အစည်း (OPEC) သည် နိုဝင်ဘာလက အိုပက် အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများနှင့်အတူ ထုတ်လုပ်မှု လျှော့ချရန် အဖွဲ့လိုက် အဆိုပြုခဲ့သည့် အသေးစိတ် အကြောင်းအရာများအား အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ရုရှားနိုင်ငံအနေဖြင့် ယခုလို ရေနံ ထုတ်လုပ်မှု ကန့်သတ်ရေး အစီအစဉ်အား ပယ်ဖျက်မည်ကို စိုးရိမ်ကြောင်း အိုပက်၏ အထွေထွေ အတွင်းရေးမှူး မိုဟာမတ် ဘာကင်ဒို ပြောကြားချက်အား ကိုးကား၍ မီဒီယာများက သတင်းတင်ပြထားသည်။

ရေနံဈေးနှုန်းသည် ရှစ်နှစ်ကြာ အိုပက်အဖွဲ့က အဆိုပြုထားသည့် ရေနံထုတ်လုပ်မှု လျှော့ချရေး (သို့မဟုတ်) ထိန်းချုပ်ရေး ပထဆုံး သဘောတူညီချက်အား ပြီးခဲ့သည့်လက ရရှိခဲ့ပြီးနောက် သုံးပတ်အကြာ၌ ရေနံဈေးသည် ၁၃ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.