Connect with us

Politics, Law & Military

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ထိုင်းဘုရင် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထိုင်းနိုင်ငံသံရုံး၌ ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်း လက်မှတ် ရေးထိုးခဲ့စဉ်(ဓာတ်ပုံ- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၌ ယနေ့ နံနက်ပိုင်းတွင် ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူယာဒက်ရှ် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်း စာအုပ်တွင် လက်မှတ်ရေးထိုးကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Pisanu Suvanajata၊ ထိုင်းဘုရင့်တပ်မတော်မှ (ကြည်း၊ရေ၊လေ) စစ်သံမှူးများနှင့် သံရုံးမှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် သံရုံးအဖွဲ့ဝင်များအား တွေ့ဆုံ၍ ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.