ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) မန္တလေးမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန်အတွက် သြစတြေးလျနိုင်ငံမှ အတိုးမဲ့ချေးငွေ ယူရိုနှစ်သန်းကို ထောက်ပံ့မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတား ဌာနထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ကယားပြည်နယ်သို့ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉လအတွင်း ပြည်ပခရီးသွား ဧည့်သည် ၃၉၈၆ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြား မှုဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) စစ်ကိုင်းငလျင် ကြောနှင့် နီးကပ်စွာ တည်ရှိနေသည့် မန္တလေးမြို့ ကို သဘာ၀ ဘေးဒဏ် ခံနိုင်သော မြို့ကြီးအဖြစ် ပြောင်းလဲ ထူထောင်နိုင်ရန် အဓိက လိုအပ်သည့် အချက်အလက် များကို စစ်တမ်း ကောက်ယူမည်ဖြစ်ကြောင်းမန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဆစ်ဒနီ ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) ဂူဂဲလ် (Google)ကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် Pixel နှင့် Pixel XL စမတ်ဖုန်းများကို သြစတြေးလျနိုင်ငံ၌ ပထမဆုံး စတင်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) အရေးပေါ် စီမံမှု အက်ဥပဒေ ကို ရုပ်သိမ်းသည့် ဥပဒေအား နိုင်ငံတော် သမ္မတ က လက်မှတ်ရေးထိုး ပြဌာန်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန် ကြေညာခဲ့သည်။