ဘန်ကောက်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) စက်တင်ဘာ ၁၈ရက်တွင် ဖြစ်ပွားခဲ့သည့် သင်္ဘောတိမ်းမှောက်မှု အတွင်း သေဆုံးသူ ဦးရေသည် စက်တင်ဘာလ ၂၀ရက်တွင် ၂၇ဦးရှိလာပြီး အခြားလူ၂ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့ကြောင်း ပြည်တွင်းမီဒီယာ ကဖော်ပြခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများအကြား မီဒီယာကဏ္ဍပူးပေါင်းမှုသည် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်တက်မှုသာမက တည်ငြိမ်အေးချမ်းမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးအတွက် အရေးကြီးကြောင်း မြန်မာနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က ပြောကြားသည်။
မဲလ်ဘုန်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) သြစတြေးလျသိပ္ပံပညာရှင်များက တီထွင်ဖန်တီးခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများအား စစ်ဆေးထောက်လှမ်းနိုင်သည့် နည်းပညာသစ်အား လေဆိပ်များ၌ မကြာမီ ဖြန့်ကျက်ထားရှိနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သည် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များအတွက် နှစ်စဉ်စုစုပေါင်းလှူဒါန်းမှုသည် ၂၀၂၀ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း၁၀၀ ရှိလာမည်ဖြစ်ပြီး ၂၀၁၅ခုနှစ် တွင် လှူဒါန်းခဲ့သည့် ပမာဏ နှင့် နှိုင်းယှဉ်ပါက ပိုမိုများပြားကြောင်း တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်က စက်တင်ဘာ ၁၉...
ဟနွိုင်း ၊ စက်တင်ဘာ ၂ဝ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံရှိ မူလတန်းကျောင်းများတွင် ၂ဝ၁၇ ခုနှစ်မှ စတင်ကာ တရုတ်ဘာသာစကားကို စတင်သင်ကြားပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၉ ရက်က ထုတ်ပြန်သည့် ဗီယက်နမ်နိုင်ငံပညာရေး နှင့်လေ့ကျင့်ရေး ဝန်ကြီးဌာန(MoET) ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီးသတင်းများက ဖော်ပြသည်။