Connect with us

Australia / Oceania

လက်လုပ်ဗုံးများအား စစ်ဆေးသိရှိနိုင်သည့် ပထမဆုံးနည်းပညာအား သြစတြေးလျက တီထွင်

လေဆိပ်တစ်ခုရှိ ဖောက်ခွဲရေးပစ္စည်း ရှာဖွေစစ်ဆေးမှုစနစ်တစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မဲလ်ဘုန်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

သြစတြေးလျသိပ္ပံပညာရှင်များက တီထွင်ဖန်တီးခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများအား စစ်ဆေးထောက်လှမ်းနိုင်သည့် နည်းပညာသစ်အား လေဆိပ်များ၌ မကြာမီ ဖြန့်ကျက်ထားရှိနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

GreyScan အမည်ရှိ အဆိုပါ စနစ်သည် လက်လုပ် ဖောက်ခွဲရေးပစ္စည်းများအား စစ်ဆေးထောက်လှမ်းနိုင်သည့် ပထမဆုံးသော နည်းပညာသစ်တစ်ခု ဖြစ်ပြီး Tasmania တက္ကသိုလ် အခြေစိုက် ခွဲခြမ်းစိတ်ဖြာမှုသိပ္ပံပညာ သုတေသနလုပ်ငန်းဆိုင်ရာ သြစတြေးလျစင်တာ (ACROSS) ၏ အဖွဲ့တစ်ခုက တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အဖွဲ့ခေါင်းဆောင် မိုက်ကယ် ဘရက်ဒ်မော က “လန်ဒန်၊ ဘာလီ၊ မက်ဒရစ် နဲ့ ဘော်စတွန်မြို့တွေမှာ အသုံးပြုခဲ့တဲ့ ဗုံးတွေလို လက်လုပ်ဗုံးအမျိုးအစားတွေကို စစ်ဆေးထောက်လှမ်းနိုင်စွမ်းရှိတဲ့အချက်က ဒီနည်းပညာရဲ့တန်ဖိုးကို မြင့်တက်စေတာပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
၎င်းက “ယခုဆိုရင် ကျွန်တော်တို့တွေဟာ လူတွေ၊ ဖိနပ်တွေ နဲ့ အခြားပစ္စည်းတွေမှာ ထည့်သွင်းလာတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို မိနစ်အနည်းငယ်အတွင်း ရှာဖွေနိုင်တော့မှာဖြစ်ပါတယ်” ဟု မီဒီယာများနှင့်တွေ့ဆုံစဉ် စက်တင်ဘာ ၂၀ ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.