ရန်ကုန်၊ဖေဖော်ဝါရီ ၂၄ ရက ် (ဆင်ဟွာ) ဧရာဝတီမြစ်ရေသည် ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် မြစ်ကြီးနားမြို့၌(၁၆) နာရီအတွင်း (၁၂)ပေခန့်မြင့်တက်ခဲ့ပြီး (၂၄.၂.၂၀၁၆) ရက်နေ့(၁၂း၃၀)နာရီအချိန်တိုင်းထွာချက်အရ (၂) ရက်အတွင်း(၅-ပေ)ခန့် ပြန်လည်ကျဆင်းခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ၂ဝ၄ဝ ပြည့်နှစ်အတွက် ရည်မှန်းကာ လတ်တလောတွင် ဆောင်ရွက်လျက် ရှိသည့် လဂွန်းပြင် ရေပေးေ ဝရေး စီမံကိန်း၊ ကုက္ကိုဝ၊ ပန်းလှိုင်နှင့် တိုးမြစ် ရေပေးဝေရေး စီမံကိန်းများ အကောင်အထည် ဖော်ပြီးစီးပါက ရန်ကုန်မြို့သို့ ဇုန်နယ်မြေ ၁ဝ ခု သတ်မှတ်...
ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ Tara လေကြောင်းလိုင်းမှ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပျောက်ဆုံးသွားသော ခရီးသည် ၂၃ ဦးအား တင်ဆောင်လာသည့် လေယာဉ်သည် နီပေါနိုင်ငံ Myagdi ခရိုင်၌ ပျက်ကျခဲ့ကာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူအားလုံး သေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ၂၀၁၆ မဟာသြင်္ကန်ပွဲတော် ကာလတွင် မန္တလေးမြို့ ကျုံးပတ်လည်နှင့် ကန်တော်ကြီးတို့၌ သြင်္ကန်မဏ္ဍပ်များ ဆောက်လုပ်ခွင့် လျှောက်လွှာများ စတင်လက်ခံနေပြီဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် အခွန်ဌာထံမှ သိရသည်။
ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ Tara လေကြောင်းလိုင်းမှ ခရီးသည် ၂၀ဦး နှင့် လေယာဉ်ဝန်ထမ်း ၃ဦး လိုက်ပါစီးနင်းလာသော လေယာဉ်သည် Myagdi ခရိုင် ၌ ပျက်ကျခဲ့သည် ဟု ယုံကြည်ရကြောင်း သိရသည်။