Connect with us

Culture & Entertainment

မန္တလေးမြို့၌ သြင်္ကန်မဏ္ဍပ်များ ဆောက်လုပ်ခွင့်လျှောက်လွှာများ စတင်လက်ခံ

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယမန်နှစ်က ဆောက်လုပ်ခဲ့သော သြင်္ကန်မဏ္ဍပ်တစ်ခု၌ ရေကစားနေကြစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

၂၀၁၆ မဟာသြင်္ကန်ပွဲတော် ကာလတွင် မန္တလေးမြို့ ကျုံးပတ်လည်နှင့် ကန်တော်ကြီးတို့၌ သြင်္ကန်မဏ္ဍပ်များ ဆောက်လုပ်ခွင့် လျှောက်လွှာများ စတင်လက်ခံနေပြီဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် အခွန်ဌာထံမှ သိရသည်။

မန္တလေးမြို့တော် စည်ပင်အခွန်ဌာနမှ ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ လျှောက်လွှာများ လက်ခံလျက်ရှိပြီး မတ် ၇ ရက်အထိ လျှောက်ထားနိုင်ကြောင်း၊ မန္တလေးမြို့တော်စည်ပင်မှ သတ်မှတ်ထားပြီး စည်းကမ်းချက်များကို လိုက်နာရ မည်ဖြစ်သည်။

သြင်္ကန်မဏ္ဍပ်များ ဆောက်လုပ်ခွင့်ရသည့်သူများမှာ အခြားသူများထံသို့ လက်လွှဲပြန်လည်ရောင်းချခြင်း မပြုရန် စောင့်ကြည့် ထိန်းသိမ်းမှု ပြုလုပ်သွားမည်ဖြစ်သည်။

မန္တလေးမြို့တော်စည်ပင်သည် ယခုနှစ်မဟာသြင်္ကန် ပွဲတော်ကာလအတွင်း သတ်မှတ်စည်းကမ်း ဖောက်ဖျက်သည့် မဏ္ဍပ်များကို အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.