အစ္စတန်ဘူလ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၃ ရက် ညပိုင်းတွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ တတိယအကြိမ်မြောက် တိုက်ရိုက်စေ့စပ်ညှိနှိုင်းပွဲ ကျင်းပခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုသည် ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင် တွေ့ဆုံဆွေးနွေးရန်၊ အပစ်အခတ်ရပ်စဲရန် စသည့် အဓိကအကြောင်းအရာများတွင်...
ဝါရှင်တန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) အမေရိကန်အနေဖြင့် ဂါဇာ အပစ်အခတ်ရပ်စဲရေးအတွက် အခြားရွေးချယ်စရာ နည်းလမ်းများကို ရှာဖွေသွားမည်ဖြစ်ကြောင်း အမေရိကန်၏ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်က ဇူလိုင် ၂၄ ရက်၌ ပြောကြားခဲ့သည်။ ဆက်လက်၍ ဝစ်ကော့ဖ်က အမေရိကန် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှာ ဟားမက်စ်အဖွဲ့၏ လတ်တလော...
ကျိန့်ကျိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် ဇူလိုင် ၂၄ ရက်တွင် တရုတ်နိုင်ငံ ကျိန့်ကျိုးမြို့၌ တရုတ်နိုင်ငံသို့ လာရောက်၍ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေး တက်ရောက်သည့် အချို့သော နိုင်ငံခြားမီဒီယာအဖွဲ့အစည်း တာဝန်ခံများနှင့် သီးခြားစီ...
မက်ဒရစ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ဘာစီလိုနာအသင်းက အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်အား မန်ချက်စတာ ယူနိုက်တက်အသင်းထံမှ အငှားဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဇူလိုင် ၂၃ ရက်၌ အတည်ပြုခဲ့ပြီး ရက်ရှ်ဖို့ဒ်ကလည်း ၎င်း၏ အပြောင်းအရွှေ့သတင်းအား ဗီဒီယိုမှတစ်ဆင့် တရားဝင်အတည်ပြုခဲ့သည်။ ရက်ရှ်ဖို့ဒ်အနေဖြင့် လာလီဂါနှင့် ကိုပါဒယ်ရေး...
ကျိန့်ကျိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး သုတေသန” တတ်သိပညာရှင်များ သုတေသနအစီရင်ခံစာကို တရုတ်နိုင်ငံ လူမှုသိပ္ပံအကယ်ဒမီ (CASS) ရုရှား၊ အရှေ့ဥရောပ၊ ဗဟိုအာရှရေးရာ သုတေသနဌာနက တရုတ်နိုင်ငံ ကျိန့်ကျိုးမြို့၌ ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။...