ပေကျင်း၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) လူးဟန့်စ်ဒေသကို “လွတ်မြောက်ရေး” ရရှိပြီးနောက် ရုရှားသမ္မတ ပူတင်ချမှတ်သော တာဝန်များ ဘက်စုံပြီးဆုံးသည်အထိ ရုရှားတပ်များက ယူကရိန်းတွင် အထူးစစ်ဆင်ရေးဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးSergei Shoiguက ဇူလိုင် ၅ ရက် ရုရှားကာကွယ်ရေးဝန်ကြီးဌာန ကျင်းပသော အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်ရုံးကလည်း...
အယ်လဂျီးယား၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံတွင် ဇူလိုင် ၅ ရက်က စစ်ရေးပြချီတက်ပွဲအခမ်းအနားပြုလုပ်၍ ပြင်သစ်ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရရှိသော နှစ် ၆၀ ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ရာ ပြည်တွင်းပြည်ပ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆိုးလ်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) စက်သုံးဆီဈေးနှုန်းများ တဟုန်ထိုး မြင့်တက်လာခြင်းနှင့်စားသောက်ကုန်များဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် ဇွန်လတွင် ၂၄ နှစ်နီးပါးအတွင်း တောင်ကိုရီးယား၏ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ေသာ စာရင်းအင်းရုံး အချက်အလက်များက ဖော်ပြထားသည်။
ပေကျင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ၏ အဖွဲ့ဝင် ၃၀ နိုင်ငံက ဖင်လန်နှင့် ဆွီဒင် နေတိုးအဖွဲ့ဝင်ဖြစ်ရေး သဘောတူညီချက်ကို ဇူလိုင် ၅ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး နေတိုးအဖွဲ့ “မြောက်ဘက်သို့ တိုးချဲ့မှု” ဆီသို့ ဆက်လက်ဦးတည်ခဲ့သည်။
ဝါရှင်တန် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် အစိုးရတုံ့ပြန်မှုနှေးကွေးသောကြောင့် မျောက်ကျောက်ရောဂါဖြစ်ပွားမှုအား ထိန်းချုပ်ရေး ဆုံးရှုံးနိုင်ခြေအန္တရာယ်ရှိကြောင်း ဆေးဘက်ဆိုင်ရာပညာရှင်များက သတိပေးလျက်ရှိကြောင်း The Hill သတင်းစာက ဖော်ပြခဲ့သည်။