Connect with us

Africa & Middle East

အယ်လ်ဂျီးရီးယားနိုင်ငံ နှစ်၆၀ပြည့် လွတ်လပ်ရေးနေ့ စစ်ရေးပြချီတက်ပွဲအခမ်းအနား ကျင်းပ

အယ်လဂျီးယား၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယားနိုင်ငံတွင် ဇူလိုင် ၅ ရက်က စစ်ရေးပြချီတက်ပွဲအခမ်းအနားပြုလုပ်၍ ပြင်သစ်ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရရှိသော နှစ် ၆၀ ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ရာ ပြည်တွင်းပြည်ပ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လွတ်လပ်ရေးနေ့ကျင်းပခြင်းသည် “သူရဲကောင်းများနှင့် ၁၉၅၄ ခုနှစ် နိုဝင်ဘာ၏ ထာဝရသတင်းစကား တို့အား သစ္စာစောင့်သိခြင်း အနက်အဓိပ္ပါယ်များကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း အယ်လ်ဂျီးရီးယား၏ လွတ်လပ်ရေးစစ်ပွဲအောင်နိုင်ခြင်းကို ရည်ညွှန်းလျက် အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတ Abdelmadjid Tebboune က စစ်ရေးပြအခမ်းအနားမတိုင်မီ ရုပ်သံမိန့်ခွန်း၌ ပြောကြားခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံ အယ်လဂျီးယားမြိုတွင် နှစ်၆၀ပြည့် လွတ်လပ်ရေးနေ့ စစ်ရေးပြချီတက်ပွဲအခမ်းအနားတွင် ပါဝင်သော စစ်သည်များအား ဇူလိုင် ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပြည်သူ့အမျိုးသားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်သူ Tebboune က အသစ်တည်ဆောက်ထားသော အယ်လ်ဂျီးရီးယားဗလီကြီးအနီး ပင်လယ်ကမ်းစပ်ရင်ပြင်တွင် ကြည်း၊ ရေ၊ လေတပ်ဖွဲ့များအပြင် အမျိုးသားရဲတပ်ဖွဲ့စစ်ရေးပြချီတက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံ အယ်လဂျီးယားမြိုတွင် နှစ်၆၀ပြည့် လွတ်လပ်ရေးနေ့ စစ်ရေးပြချီတက်ပွဲအခမ်းအနားတွင် ဆီဖြည့်လေယာဉ်နှင့် တိုက်လေယာဉ် ၆ စင်း သရုပ်ပြပျံသန်းနေသည်ကို ဇူလိုင် ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စစ်ရေးပြအခမ်းအနားတွင် စစ်ဘက်သုံးယာဉ်ရာနှင့်ချီ၍ ပြသခဲ့ရာ ဒုံးပစ်လောင်ချာ၊ သံချပ်ကာတင်ယာဉ်နှင့် ဆိုဗီယက်ခေတ်တင့်ကားများ ပါဝင်ကြောင်း သိရသည်။

အယ်လ်ဂျီးရီးယား ဂျက်လေယာဉ်များ တြိဂံပုံသဏ္ဍန်ပျံသန်းပြီးနောက် ဖရီးဂိတ်စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများအပါအဝင် စစ်သင်္ဘောပြသမှုများနှင့်အဆုံးသတ်ခဲ့ကြောင်း သိရသည်။

အယ်လ်ဂျီးရီးယားနိုင်ငံ အယ်လဂျီးယားမြို့တွင် နှစ်၆၀ပြည့် လွတ်လပ်ရေးနေ့ စစ်ရေးပြချီတက်ပွဲအခမ်းအနားတွင် ဒုံးပစ်လောင်ချာများ ပြသထားသည်ကို ဇူလိုင် ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စစ်ဦးစီးအရာရှိချုပ် (ကြည်း) Said Chengriha အပါအဝင် အယ်ဂျီးရီးယား စစ်ဘက်ဆိုင်ရာအရာရှိကြီးများ၊ တူနီးရှား၊ အီသီယိုးပီးယားနှင့် နိုင်ဂျာ စသည့်နိုင်ငံများမှ သမ္မတများအပြင် နိုင်ငံခေါင်းဆောင်များ ၊ဝန်ကြီးများနှင့်အတူ အခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

——————————
(English Version)
Algeria celebrates 60th independence anniversary with military parade
2022-07-06 03:42:44 分类: 政治法律
ALGIERS, July 5 (Xinhua) — Algeria on Tuesday held a grand military parade to celebrate the 60th anniversary of its independence from French colonialism, with the attendance of senior local and foreign officials.
In a televised message before the parade, Algerian President Abdelmadjid Tebboune said the Independence Day celebrations “bear the meanings of loyalty to the martyrs, and to the eternal message of November” 1954, referring to the victory of the Algerian War of Independence.

Tebboune, who is also commander-in-chief of the People’s National Army, inspected parade formations of land, air and naval forces as well as the National Gendarmerie as they passed through a seaside square near the newly built Grand Mosque of Algiers.
The parade also featured hundreds of military vehicles, including missile launchers, armored personnel carriers, and Soviet-era tanks.
After the flyover of Algerian fighter jets in a triangle formation, a showcase of warships including frigates and submarines concluded the parade.
Senior Algerian military officials including Army Chief of Staff Said Chengriha attended the parade, together with foreign leaders and ministers, including the presidents of Tunisia, Ethiopia and Niger.
1. A military parade is held to celebrate the 60th anniversary of Algeria’s independence, in Algiers, Algeria, on July 5, 2022. (Algerian Ministry of National Defence/ Handout via Xinhua)

2. Algerian soldiers march in a military parade to celebrate the 60th anniversary of Algeria’s independence, in Algiers, Algeria, on July 5, 2022. (Algerian Ministry of National Defence/ Handout via Xinhua)

3. An aerial refueling tanker and six fighter jets stage a flyover during a military parade to celebrate the 60th anniversary of Algeria’s independence, in Algiers, Algeria, on July 5, 2022. (Xinhua)
4. Missile launchers are seen during a military parade to celebrate the 60th anniversary of Algeria’s independence in Algiers, Algeria, on July 5, 2022. (Algerian Ministry of National Defence/ Handout via Xinhua)■