ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် မန္တလေးတိုင်းဒေသကြီး၌ Semi Lockdown ကာလCOVID-19ရောဂါကာကွယ်ရေးစည်းမျဉ်းများ မလိုက်နာသူ ၁၀,၀၀၀ကျော် ကို ဒဏ်ရိုက်အရေးယူခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တိရစ္ဆာန်ထဲတွင် ပါဝင်သည့် ဝံကြောင်တစ်ကောင်သည် ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်သို့ရောက်ရှိလာရာ လွိုင်ကော်မီးသတ်တပ်ဖွဲ့က ကယ်ဆယ်၍ ဆေးကုသပေးထားကြောင်း နှင့် ဒဏ်ရာများသက်သာလျက်ရှိကြောင်း လွိုင်ကော်မြို့မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ ဦးညီထွေးဦးကဆင်ဟွာသို့ ဒီဇင်ဘာ ၁၇ ရက်တွင်ပြောသည်။
ပေကျင်း၊ဒီဇင်ဘာ၁၇ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် လမျက်နှာပြင်ပေါ်မှ ပထမဆုံး နမူနာပစ္စည်းများကို စုဆောင်းရယူပြီး အမိနိုင်ငံသို့ပြန်လည်ရောက်ရှိလာသော Chang’e-5 အာကာသခရီးစဉ် အောင်မြင်မှုအပေါ် ဝမ်းမြောက် ဂုဏ်ပြုကြောင်း သဝဏ်လွှာတစ်စောင်ကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်တွင် ပေးပို့ခဲ့သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် /စိုးမိုး တရုတ်နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့သည် နှစ်နိုင်ငံအနေဖြင့် ပဲ့ထိန်းဒုံးကျည် နှင့် အာကာသ သယ်ယူပို့ဆောင်ရေး ဒုံးကျည် လွှတ်တင်ခြင်းဆိုင်ရာ အချက်အလက်များအား အပြန်အလှန် အသိပေးအကြောင်းကြား ပေးအပ်သွားရန် သဘောတူညီခဲ့ကြပြီး ယင်းသဘောတူညီချက်ကို...
ချန်ချွမ်း၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး တရုတ်နိုင်ငံ CRRC Changchun Railway Vehicles Co., Ltdက မြန်နှုန်းအလယ်အလတ်နှင့်မြန်နှုန်းနိမ့် မောင်းနှင်နိုင်သည့် သံလိုက်ရထားအမျိုးအစားသစ်တစ်မျိုးကို အင်္ဂါနေ့က စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။