Connect with us

Sport

၂၀၂၂ ခုနှစ် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံး ပြိုင်ပွဲကို ဇွန် ၂၅ ရက်တွင် စတင်ကျင်းပသွားမည်

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဒဂုံယူနိုက်တက်အသင်းတို့ ခြေစမ်းပွဲ ကစားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ခုနှစ် မြန်မာနေရှင်နယ်လိဂ်-၁ဘောလုံး ပြိုင်ပွဲကို ပြိုင်ပွဲဝင် ကလပ်အသင်း ၁၀ သင်းဖြင့် ဇွန် ၂၅ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း Myanmar National League ကော်မတီ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ဆင်ဟွာသို့ ယနေ့ ဇွန် ၂၁ ရက်တွင် ပြောကြားသည်။၂၀၂၂ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ရတနာပုံအက်ဖ်စီ၊ ရခိုင်ယူနိုက်တက်၊ မဟာယူနိုက်တက်၊ မြဝတီအက်ဖ်စီ၊ ISPE FC နှင့် ဂျီအက်ဖ်အေအက်ဖ်စီအသင်းတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပထမအကျော့ပွဲစဉ်များကို ဇွန် ၂၅ ရက်မှ ဩဂုတ် ၂၅ ရက်အထိလည်းကောင်း၊ ဒုတိယအကျော့ပွဲစဉ်များကို စက်တင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၆ ရက်အထိလည်းကောင်း သုဝဏ္ဏကွင်း၌ တစ်ပတ်လျှင် ငါးပွဲနှုန်းဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးစိုးမိုးကျော်က “ကျွန်တော်တို့ မြန်မာနေရှင်နယ်လိဂ်ကော်မတီ အနေနဲ့ အာရှကလပ်အသင်း ပြိုင်ပွဲများတွင် မြန်မာကလပ်အသင်းများ ပုံမှန် ပြန်လည်ယှဉ်ပြိုင်နိုင်ရေး၊ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပြန်လည်ကျင်းပနိုင်ရေးတွေပါ စီစဉ်နေပါတယ်။ အခုကျင်းပမယ့် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲမှာလည်း ဘောလုံးကလပ်အသင်းတွေ က အကောင်းဆုံးကြိုးစားပြင်ဆင်ထားပါတယ်” ဟု ပြောသည်။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများကို ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ် မှ လွဲ၍ ကျန်သည့် နှစ်များတွင် နှစ်စဉ် ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

#ဦးစိုးမိုးကျော် #မြန်မာနေရှင်နယ်လိဂ် #ဆင်ဟွာ
#USoeMoeKyaw #MyanmarNationalLeague #Xinhua #Myanmar #XinhuaMyanmar

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.