Connect with us

Videos

တရုတ်ရိုးရာတိုင်းရင်းဆေးပညာ ဂီတကုထုံး ကို နမ်မီးဘီးယားနိုင်ငံတွင်စတင်မိတ်ဆက်

ဗင့်ဟို့ထ်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

နမ်မီးဘီးယား နိုင်ငံရှိ တရုတ်ရိုးရာတိုင်းရင်းဆေးအဖွဲ့သည် လူကြိုက်များလျက်ရှိသည့် ရိုးရာတရုတ် တိုင်းရင်းဆေးကုသနည်းများအနက် ခေတ်မီတရုတ်တိုင်းရင်းဆေး ဂီတကုထုံး CMMT ကို ထပ်မံ‌ပေါင်းစပ်ကာ ဒေသခံများကို ကုသပေးခဲ့ကြောင်းသိရသည်။CMMT ကုသနည်းတွင် သီအိုရီ ၅ ဆင့်နှင့် ဂီတ မူဟန် ၅ မျိုး တို့ပါဝင်ပြီး လက္ခဏာမပြင်းထန်သည့် ဝေဒနာများကို ခွဲခြမ်းစိတ်ဖြာပြီးကုသပေးခြင်းဖြစ်သည်။
Katutura ပြည်နယ်ဆေးရုံတွင် ခေတ်မီတရုတ်တိုင်းရင်းဆေး ဂီတကုထုံးချိန် တစ်ချိန်လျှင် မိနစ် ၂၀ ကြာ ကုသပေးနေပြီဖြစ်ကြောင်း တရုတ်ရိုးရာတိုင်းရင်းဆေးဝါးအဖွဲ့ခေါင်းဆောင် Zhou Haijiang ကဆိုသည်။
ကုထုံးကုသပုံမှာ လူနာက သက်သောင့်သက်သာလဲလျောင်းနေရပြီး နားကြပ်မှတစ်ဆင့် တေးဂီတကို နားဆင်နေသည့်အချိန်တွင် တရုတ်အပ်စိုက်ကုသနည်းဖြင့် ကုသခြင်းဖြစ်သည်။
ဂီတ အမျိုးအစားအမျိုးမျိုးမှာ ခန္ဓာကိုယ်အစိတ်အပိုင်း ၅ ခုဖြစ်သည့် အသည်း၊ နှလုံး၊ သရက်ရွက်၊ အဆုတ်နှင့် ကျောက်ကပ်တို့ကို အဓိက ထားကုသခြင်းဖြစ်သည်။
နမ်မီဘီးယား ဘောလုံးအားကစားသမား Willem က“လက်ရှိပြဿနာကတော့ ကြွက်သားတွေနာကျင်တာပါပဲ၊(တရုတ်ရိုးရာဂီတကုထုံး ခံယူပြီးတော့) နေလို့ပိုကောင်းလာပြီး တော်တော်စိတ်အပန်းပြေခဲ့ပါတယ်၊ ကွဲပြားတာကတော့ ဂီတပဲဖြစ်ပါတယ်” ဟုဆိုသည်။
Zhou က ၎င်းတို့အဖွဲ့သည် ကုထုံးကို အခြား တရုတ်ရိုးရာတိုင်းရင်းဆေးဝါးကုထုံးများနှင့်ပေါင်းစပ်မြှင့်တင်ကာ လိုအပ်သည့်ကုသမှုရလဒ်ကိုရရှိစေရန်လုပ်ဆောင်ခဲ့ကြောင်းဆိုသည်။ (Xinhua)
#Chinese #medicalteam #TCM #musictherapy #Namibia #popular #acupuncture #xinhua #xinhuamyanmar #တရုတ် #ရိုးရာတိုင်းရင်းဆေး #ဂီတကုထုံး #နမ်မီးဘီးယား #ဆင်ဟွာ #ဆင်ဟွာမြန်မာ
………………………….
(English Version)
GLOBALink | Chinese medical team introduces music therapy of TCM in Namibia

WINDHOEK, June 19 (Xinhua) — The Chinese medical team in Namibia has introduced modern Chinese Medicine Music Therapy (CMMT) to treat local patients, adding to their array of already popular Tradition Chinese Medicine (TCM) therapies.

CMMT employs the theory of five phases and five music scales to analyze and treat mind-body illness.

The Chinese medical team leader Zhou Haijiang said the therapy is conducted for a 20-minute session at the Katutura State Hospital.

The patient lies down comfortably, listening to the music through earphone, while acupuncture is also administered.

The different types of music focus on five types of organs, namely the liver, heart, spleen, lung and kidney.

SOUNDBITE (English): WILLEM, Namibian football player
“Now the problem was muscle pain. (After CMMT treatment,) it was much better and much relaxing. The only difference was the music.”

Zhou said his team integrates the therapy with other TCM techniques to reach the required treatment result.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.