ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ COVID-19ရောဂါအတည်ပြု လူနာ စတင်တွေ့ရှိချိန်မှ ယနေ့အထိ ရောဂါဖြစ်ပွားသူ ၁၁၁,၉၀၀ဦး အနက်လူနာ၂,၃၄၆ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်သော စာရင်းများအရသိရသည်။
ဘန်ဒါဆရီဘဂါဝမ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဘရူနိုင်းနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ၁၅၂ ဦးရှိခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်တွင် ရောဂါဖြစ်ပွားသူအသစ်မရှိကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် အစိုးရဝန်ကြီးဌာနများမှ ဝန်ထမ်းများ ကားပါမစ် လျှောက်ထားသူ ၅၀ ကျော်ရှိပြီး လျှောက်ထားသူများ၏ အချက်လက်ပြည့်စုံပါက ပါမစ်ထုတ်ပေးရန် စစ်ဆေးမှု ၂ရက်ခန့်သာကြာမြင့်ကြောင်း စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင် က ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသ ဖွံံ့ဖြိုးရေးလုပ်ငန်းပေါင်း ၅၄၇ ခု ဆောင်ရွက်သွားရန်ရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုက ဆင်ဟွာသို့ ယနေ့ဒီဇင်ဘာ ၁၆ ရက်တွင်ပြောသည်။
အန်ကာရာ ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး တူရကီနိုင်ငံ ကာကွယ်ရေးဝန်ကြီး Hulusi Akar က အမေရိကန်နိုင်ငံ ၏ လတ်တလောရက်ပိုင်းအတွင်း ဆောင်ရွက်ခဲ့သည့် တူရကီနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ နှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်ခဲ့ပြီး တူရကီနိုင်ငံ နိုင်ငံအနေဖြင့် ကာကွယ်ရေးလုံခြုံမှုကို...