Connect with us

Videos

ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့ ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများဆွေးနွေး

ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် ယူကရိန်းသို့ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့သည် ကာကွယ်ရေးနှင့်လုံခြုံရေးကိစ္စများကို ဇွန် ၁၇ ရက်တွင်တွေ့ဆုံဆွေးနွေးခဲ့သည်။

၎င်းတို့သည် အထူးသဖြင့် ယူကရိန်းနိုင်ငံ၏ အရှေ့ဘက်နှင့်တောင်ဘက်ရှိ ရှေ့တန်းစစ်မြေပြင် ၏ လက်ရှိ အခြေအနေနှင့် လက်နက်ထောက်ပံ့ပေးအပ်မှုဆိုင်ရာများကို အသေးစိတ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဂျွန်ဆင်က ၎င်းတို့နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ လက်နက်များကို ဆက်လက်ထောက်ပံ့ပေးရန် အမြဲအဆင်သင့်ရှိနေပြီး ထိုလက်နက်များကို အသုံးပြုရန် စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးများကို လည်းပံ့ပိုးပေး နေကြောင်းဆိုသည်။

ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင်များက ယူကရိန်းနိုင်ငံ၏ လုံခြုံရေးအာမခံချက်များအကြောင်းနှင့် ယူကရိန်း နယ်နိမိတ်အတွင်း မြေမြှုပ်မိုင်းများကိုရှင်းလင်းရမည့်ကိစ္စများကိုလည်းဆွေးနွေးခဲ့သည်။

အခြားအဓိက ထားဆွေးနွေးမှုများတွင် ကိဗ်အတွက် ဘဏ္ဍာရေးရာနှင့် စီးပွားရေးအထောက်အပံ့ပြုရန်၊ ယူကရိန်းဆိပ်ကမ်းများအား ပိတ်ဆို့ထားရန်နှင့် ယူကရိန်းနိုင်ငံ၏ စွမ်းအင်အကြပ်အတည်းအားဖြေရှင်း ရန်ကိစ္စများပါဝင်ခဲ့သည်။

အလားတူ ယူကရိန်းနိုင်ငံက ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အဖြစ် ဝင်ရောက်မည့် အပြုသဘောဆောင်သော အကဲဖြတ် သတ်မှတ်ချက်ကိုလည်း ဇယ်လန်းစကီးက ဇွန် ၁၇ ရက်တွင် ကြိုဆိုခဲ့သည်။

သူက “ ဥရောပ သမဂ္ဂရဲ့ ယူကရိန်းနိုင်ငံအဖွဲ့ဝင်အဖြစ်ပါဝင်မယ့် ကိစ္စအပေါ် အပြုသဘောမှတ်ချက်ပြုမှု ကိုကြိုဆိုပါတယ် ၊ ဒါဟာ မိမိတို့နိုင်ငံကို အောင်ပွဲ ဆီသို့ မုချ ရောက်ရှိစေမယ့် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်မယ့်လမ်းကြောင်းရဲ့ပထမခြေလှမ်းလည်းဖြစ်ပါတယ်” ဟု တွစ်တာစာမျက်နှာတွင် ရေးသားထားခဲ့သည်။ (Xinhua)

……………………..
(English Version)

GLOBALink | Zelensky, Johnson meet on defense, security issues
BEIJING, June 19 (Xinhua) — Ukrainian President Volodymyr Zelensky met with visiting British Prime Minister Boris Johnson on Friday to discuss defense and security issues.
In particular, they discussed in detail the current situation on the frontline in the east and the south of Ukraine as well as the supplies of weapons.
Johnson said that his country stands ready to continue providing weapons to Ukraine and organizing military training for its use.
Besides, the parties have discussed security guarantees for Ukraine and the efforts to clear the Ukrainian territory from landmines.
Other key topics of the conversation were financial and economic support for Kiev, the blockade of Ukrainian ports, as well as efforts to address the energy crisis in Ukraine.
Meanwhile, Zelensky on Friday welcomed the positive assessment of the European Commission on granting Ukraine European Union (EU) candidate status.
He tweeted “I commend the positive European Commission Conclusion on Ukraine’s candidate status. It’s the first step on the EU membership path that’ll certainly bring our victory closer.” #GLOBALink

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.