Connect with us

Videos

ဟောင်ကောင်ဒေသ သာယာဝပြောရေးကို ကတိပြုသည့် အစိုးရသစ် ၏ ဌာနဆိုင်ရာအကြီးအကဲအသစ်များ

ဟောင်ကောင်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ၏ အုပ်ချုပ်ရေးမှူးအသစ် ဖြစ်လာသူ ဂျွန်လီ (John Lee) နှင့် အသစ်ခန့်အပ်လိုက်သည့် ဌာနဆိုင်ရာအကြီးအကဲများ သည် ဇွန်လ ၁၉ ရက်တွင်ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗဟိုအစိုးရ၏ ထောက်ခံခန့်အပ်မှုအပေါ်ကျေးဇူးတင်ကြောင်းပြောကြားခဲ့ကြသည်။

လီ နှင့် ၆ ကြိမ်မြောက် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးအဖွဲ့သည် ဟောင်ကောင်ဒေသအား တည်ငြိမ်အေးချမ်းရေးမှ သာယာဝပြောရေးအထိ စာမျက်နှာသစ်တစ်ခုကို ဖန်တီးဖော်ဆောင်သွားမည်ဖြစ်ကြောင်းဆိုသည်။

လီ က ဗဟိုအစိုးရအနေဖြင့် HKSAR ၏ အခြေခံ ဥပဒေများနှင့်အညီ ၎င်း၏ အမည်စာရင်းတင်သွင်းမှုအပေါ် လက်ခံအတည်ပြုပေးသည့်အတွက် လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။

ယခုရွေးချယ်ခန့်အပ်ခဲ့သည့် ဌာနဆိုင်ရာအကြီးအကဲ ၂၆ ဦးတွင် နိုင်ငံရေးနှင့်သက်ဆိုင်သည့်ကဏ္ဍများတွင် တာဝန်ယူရမည့်သူ ၂၁ ဦးနှင့် နိုင်ငံရေးနှင့်မသက်ဆိုင်သည့် တာဝန်ယူရမည့်သူ ၅ ဦးပါဝင်သည်။ အဆိုပါ ၂၆ ဦးထဲတွင် စုစုပေါင်း အမျိုးသမီး ၆ ဦးကိုခန့်ထားရာ ၄ ပုံ ၁ ပုံခန့်မှာ အမျိုးသမီးများဖြစ်ပြီး ယင်းမှာ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရသက်တမ်းတွင် အမျိုးသမီးပါဝင်မှုအမြင့်ဆုံးအချိုးအစားဖြစ်လာသည်။

လီက လက်ရှိ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းကိုလည်း အစိုးရသစ်ကာလ အကူးအပြောင်းအတွက် ချောမွေ့စေရန်စီစဉ်ပေးမှုအပေါ်ကျေးဇူးတင်စကားဆိုခဲ့သည်။

“ ဒီအဖွဲ့ဟာ စည်းလုံးညီညွတ်မှုရှိပြီးသစ္စာရှိပါတယ်နောက်ပြီး မိမိတို့ဟာ အုပ်ချုပ်မှု ပုံစံကိုတသမတ်ထည်းထားရှိမှာပါ” ဟုသူကဆိုပြီး အဆိုပါ အုပ်ချုပ်မှုသည် အသင်းအဖွဲ့စိတ်ဓာတ်နှင့် ရလဒ်အား အခြေပြု ကာ အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ကြောင်းထပ်လောင်းပြောကြားခဲ့သည်။

အုပ်ချုပ်ရေးမှူးသစ် ဂျွန်လီ

“လာမယ့် ၅ နှစ်တာ ကာလဟာ ဟောင်ကောင်ဒေသအဖို့ တည်ငြိမ်အေးချမ်းမှုကနေ သာယာဝပြောမှု အဆင့်အထိ တိုးမြှင့်တက်လှမ်းရမယ့်အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်၊ ကျွန်တော်တို့အဖွဲ့နဲ့အတူ ကျွန်တော်ဟာ စိန်ခေါ်မှုတွေကို မြှင့်တင်ပြီး “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” မူဝါဒအောက်မှာ သာလွန်ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေကို ကောင်းမွန်စွာအသုံးချပြီး ဟောင်ကောင်ဒေသရဲ့ စာမျက်နှာသစ်ကို အတူတကွ ဖော်ဆောင်ဖွင့်လှစ်သွားမှာပါ” ဟုဆိုသည်။
ဟောင်ကောင်အစိုးရအဖွဲ့အတွင်းဝန်ချုပ် Chan Kwok-ki က လည်း ၎င်းအနေဖြင့် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” မူဝါဒအောက်ကို တိကျစွာအကောင်အထည်ဖော်ဆောင်ရင်း လီကို အကောင်းဆုံးပံ့ပိုးပေးသွားမှာဖြစ်ပြီး ဟောင်ကောင်ဒေသကိုအကျိုးဖြစ်ထွန်းစေမယ့် မူဝါဒတွေကို ဖော်ဆောင်ရာမှာ ဌာနပေါင်းများစွာနှင့်အတူပူးပေါင်းကာ အပြည့်အဝ အကောင်အထည်ဖော်ဆောင်သွားမှာဖြစ်တဲ့အပြင် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်အော်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဆောင်ကြဉ်းလာမယ့် ရွှေရောင်အခွင့်အလမ်းတွေကိုလည်းအမိအရဆုပ်ကိုင်သွားမှာဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ဟောင်ကောင်ဒေသဟာ တည်ငြိမ်အေးချမ်းမှုကနေ သာယာဝပြောမှုဆီကိုကူးပြောင်းရောက်ရှိဖို့ အရေးကြီးတဲ့ အစမှတ်တစ်ခုမှာရောက်နေပါပြီ၊ မိမိတို့အနေနဲ့အခွင့်အလမ်းကိုဆုပ်ကိုင်ရမှာဖြစ်ပြီး ဟောင်ကောင်ပြည်သူတွေအတွက်သာလွန်ကောင်းမွန်တဲ့ဘဝတွေပိုင်ဆိုင်ဖို့အလုပ်ကိုကြိုးစားကြရမှာပါ “ဟု Chan ကဆိုသည်။

ဘဏ္ဍာရေးဝန်ကြီးအဖြစ်ရွေးကောက်ခံရသည့် Paul Chan က “ဟောင်ကောင်မှာ နောက်လာမယ့်နှစ်အနည်းငယ်အထိ ပြင်ပ ပတ်ဝန်းကျင်ဖိအားကြောင့် ရှုပ်ထွေးမှုတွေ ခြိမ်းခြောက်မှုတွေရှိနေဦးမှာဖြစ်ပေမဲ့ ဗဟိုအစိုးရရဲ့ အားကောင်းတဲ့ ထောက်ပံ့မှုတွေရယ် အသစ်တက်လာမယ့် အုပ်ချုပ်ရေးမှူးအသစ်ရဲ့ ခိုင်မာတဲ့ခေါင်းဆောင်မှုတွေနဲ့ အစိုးရသစ်သက်တမ်းမှာ ဟောင်ကောင်ဒေသရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အကောင်းဆုံးအနေအထားနဲ့ရှေ့ကို တက်လှမ်းနိုင်မှာဖြစ်ပြီး တီထွင်ဆန်းသစ်တဲ့စိတ်ဓါတ်၊ ဇွဲလုံ့လနဲ့ ပြိုင်ဘက်တွေကိုအလဲထိုးမယ်ဆိုတဲ့ စိတ်ဓါတ်တွေနဲ့ ဟောင်ကောင်ဒေသရဲ့ တည်ငြိမ်မှုနဲ့ သာယာဝပြောမှု ကဏ္ဍသစ်တစ်ခုကိုဖော်ဆောင်နိုင်မယ်ဆိုတာကို သူ့အနေနဲ့ယုံကြည်မှုရှိကြောင်း” ဆိုသည်။

တရားဥပဒေစိုးမိုးရေးဝန်ကြီးအဖြစ်ရွေးကောက်ခံရသူ Paul Lam က “တရားဥပဒေစိုးမိုးရေးဟာ ဟောင်ကောင်ဒေသကို နိုင်ငံတကာ ဘဏ္ဍာရေးရာ၊ သင်္ဘောတင်ပို့ခြင်းနှင့်ကုန်စည်ဖောက်ကားရောင်းဝယ်ရေးအချက်အချာဖြစ်ရာမှာ အထောက်အကူဖြစ်စေမယ့်အပြင် ဟောင်ကောင်ဒေသကို အာရှပစိတ်ဒေသထဲမှာ နိုင်ငံတကာ ဥပဒေနှင့် အငြင်းပွားမှု ဖြေရှင်းရေးဝန်ဆောင်မှုစင်တာတစ်ခုအဖြစ်ထူထောင်နိုင်မှာဖြစ်တာကြောင့် သူ့အနေနဲ့ တရားဥပဒေစိုးမိုးရေးကို ခိုင်မာမြဲမြံစွာဖော်ဆောင်သွားမှာဖြစ်ပြီး တရားဥပဒေစိုးမိုးမှုနဲ့ ဟောင်ကောင်ဒေသခံတိုင်းကို ဂုဏ်ယူနိုင်တဲ့အထိအားထုတ်ဖော်ဆောင်သွားမှာဖြစ်ကြောင်းဆိုသည်။ (Xinhua)

……………………………
(English Version)
Newly-appointed principal officials of incoming gov’t pledge to lead Hong Kong from stability to prosperity
Incoming Chief Executive of the Hong Kong Special Administrative Region (HKSAR) John Lee and the newly-appointed principal officials expressed their gratitude for the central government’s appointment during a press conference held on Sunday.
Lee and the governing team of the HKSAR’s sixth-term government said that they will lead Hong Kong in ushering in a new chapter from stability to prosperity.
Lee expressed his heartfelt gratitude to the central government for accepting and approving his nominations in accordance with the Basic Law of the HKSAR.
The 26 appointed principal officials comprise 21 politically accountable and five non-politically accountable officials. Among the 26 principal officials, six are female, or about a quarter of the team, which is the highest ratio in the HKSAR government ever.
Lee also expressed his gratitude to Carrie Lam, the incumbent chief executive, for the work done during the transition into the new-term government.
“This team is united and loyal, and we share the same ideal of governance,” he said, adding that they will be result-oriented with emphases on team spirit and execution.
SOUNDBITE (Chinese): JOHN LEE, Incoming Chief Executive of HKSAR
“The next five years will be a crucial time for Hong Kong to advance from stability to prosperity. I, together with my team, will rise to the challenges and make good use of the unique advantages under the ‘one country, two systems’ principle to start a new chapter for Hong Kong together.”
Chief Secretary for Administration designate Chan Kwok-ki said that he would do his best to assist Lee in the accurate implementation of “one country, two systems,” and would coordinate various bureaux to formulate and fully implement policies that are beneficial to Hong Kong, as well as seize the opportunities brought about by the development of the Guangdong-Hong Kong-Macao Greater Bay Area.
“Hong Kong is at an important starting point in its transition from stability to prosperity, and we must seize the opportunity and work hard for a better life of the Hong Kong people,” Chan said.
Financial Secretary designate Paul Chan said that although the external environment facing Hong Kong in the next few years will remain complex and daunting, he is confident that with the firm support of the central government and the strong leadership of the incoming chief executive, the new-term government will do its best to push forward the socio-economic development of Hong Kong, opening a new chapter of stability and prosperity for Hong Kong with a spirit of innovation, perseverance and unparalleled fighting spirit.
Secretary for Justice designate Paul Lam said that the rule of law is essential for Hong Kong to enhance its status as an international financial, shipping and trade center, and establish the city as a center for international legal and dispute resolution services in the Asia-Pacific, adding that he will firmly uphold the rule of law and make every Hong Kong resident proud of it.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.