ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ၁၀၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ်များကို လုံခြုံရေး အရေအသွေးကောင်းမွန်စေရန် လာမည့် ၂၀၂၁ ခုနှစ်တွင် ထီလက်မှတ်များ အရောင်ပြောင်းလဲရိုက်နှိပ်ထားကြောင်း စီမံကိန်း၊ဘဏာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး တူရကီနိုင်ငံက ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များ ဝယ်ယူခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံက တူရကီအပေါ် အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Mike Pompeo ၏ ဒီဇင်ဘာ ၁၄...
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံမှ ဖရဲသီးများအား တရုတ်နိုင်ငံဘက်မှ ဝယ်ယူမှုမြင့်တက်လျက်ရှိပြီး၊ ယခင်နှစ်ကထက် ဖရဲသီးစိုက်ပျိုးမှုနည်းပါးခြင်းကြောင့် တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ တင်ပို့သည့် ဈေးနှုန်းသည် ယခင်နှစ် ကာလတူထက် နှစ်ဆခန့်မြင့်တက်ခဲ့ကြောင်း မူဆယ်(၁၀၅)မိုင် သစ်သီးဝလံကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ဆင်ဟွာသို့ ဒီဇင်ဘာ ၁၅ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ / အိမွန်ကျော် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်းရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်းပြိုကျမှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှ တာဝန်မှူး က ဆင်ဟွာသို့ ယနေ့ပြောသည်။
နေပြည်တော်၊ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)ရေးသားသူ/စိုးသန်းလင်း COVID-19 ကာလ Stay Home နေထိုင်ကြရသည့် ပြည်သူများအားလုံး ကျန်းမာကြံ့ခိုင် စေရေး၊ ကိုယ်ခံအား ကောင်းမွန်စေရေး တို့အတွက် နေ့စဉ် အားကစား လှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက စီစဉ် ကျင်းပလျက်ရှိသည့် အွန်လိုင်းတွင် ယှဉ်ပြိုင်ရသည့် Physical...