ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO)ပိုင် ယာဉ်အား ဧပြီလ ၂၀ ရက် ညနေပိုင်းတွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင် ဇက်ဆိပ်အနီး၌ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ခြင်းနှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော...
မော်စကို ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) အနောက်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်သော COVID-19 ရောဂါ တိုက်ဖျက်ရေးတွင် ၎င်း၏ ကိုယ်ပိုင်အရည်အချင်းမရှိမှုကို အာရုံလွှဲရန် တရုတ်နိုင်ငံအပေါ် အပြစ်တင်စကားဆိုပြီး ခုတုံးလုပ်နေကြောင်း ရုရှားနိုင်ငံမှ ကျွမ်းကျင်ပညာရှင် တစ်ဦးက ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
နယူးယောက်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါအတည်ပြုလူနာ ၁ သန်းကျော် ရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။
နေပြည်တော်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) COVID-19 ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အခြားဒေသများမှ နေပြည်တော်သို့လာရောက်လျှင် သော်လည်းကောင်း၊ နေပြည်တော်မှ အခြားဒေသများသို့သွားရောက်ပြီး ပြန်လည် ဝင်ရောက် လာလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ခိုင်လုံသော အထောက်အထား များ၊ အကြောင်းပြချက်များ ပါရှိရမည် ဖြစ်ကြောင်း၊ ထိုအချက်အလက်များကို စိစစ်...
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၃ဦး ယနေ့ ဧပြီ ၂၈ ရက်၌ ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်းဓာတ်ခွဲအတည်ပြုလူနာ ၁၄၉ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။