ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) မြန်မာ-တရုတ်နှစ်နိုင်ငံ သက်ဆိုင်ရာဌာနတို့ ညှိနှိုင်းဆွေးနွေးပြီးနောက် ပြီးခဲ့သည့်သီတင်းပတ်မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့သည့် ကုန်တင်ယာဉ်များသည် တရုတ်ကုန်တင်ယာဉ်များပေါ်သို့ ပြန်လည်တင်ဆောင်ရန် မလိုအပ်ဘဲ မူဆယ် ကျင်စန်းကျော့နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်နိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ယနေ့ မေ ၂၀ ရက်တွင်ထုတ်ပြန်သည်။...
မော်စကို၊ မေ ၂၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက လက်တုံ့ပြန်သည့်အနေဖြင့် မော်စကိုမြို့ရှိ ပေါ်တူဂီသံရုံးမှ သံတမန် ၅ ဦးကို နှင်ထုတ်ခဲ့ကြောင်း မေ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားနိုင်ငံဆိုင်ရာ ပေါ်တူဂီသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပြီး ပေါ်တူဂီနိုင်ငံမှ ရုရှားသံတမန် ၁၀ဦးကို နှင်ထုတ်ပစ်ခဲ့သည့်အပေါ် ကန့်ကွက်ခဲ့ကြောင်း...
ကဘူးလ်၊ မေ ၂၀ ရက် (ဆင်ဟွာ) အာဖဂန်နိုင်ငံ ၏ မြို့တော် ကဘူးလ် တွင် အိုမာ မိုင်းပြတိုက် (OMAR Mine Museum) ကို ဖွင့်လှစ်ထားပြီး မြေမြှုပ်မိုင်းအမျိုးမျိုးနှင့် စစ်ပွဲ အတွင်းအသုံးပြုသည့် ဖောက်ကွဲရေး ပစ္စည်းအကြွင်းအကျန်များကို ပြသကာ “လျှို့ဝှက်ရန်သူများ” ၏ ဘေးအန္တရာယ်ကို...
အဒစ်အဘာဘာ၊ မေ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံပိုင် ဇီဝနည်းပညာကုမ္ပဏီခွဲတစ်ခုဖြစ်သည့် BGI Health Ethiopia သည် အီသီယိုးပီးယားနိုင်ငံ ၏ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် ၎င်းတို့၏ နည်းပညာများနှင့် အသိပညာဖြန့်ဝေပေးမှုများဖြင့် စွမ်းစွမ်းတမံအားထုတ်ခဲ့သောကြောင့် ဂုဏ်ပြုခြင်းခံခဲ့ရသည်။ အီသီယိုးပီးယားနိုင်ငံ၏ နိုင်ငံတကာ ပင်မဝင်ပေါက်နှင့် အာဖရိကတိုက်၏ လူဦးရေအထူထပ်ဆုံးနှင့် ဦးဆောင်...
မက္ကဆီကိုစီးတီး၊ မေ ၂၀ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ၏ တောင်ဘက်နယ်စပ်တွင် ရွှေ့ပြောင်းဝင်ရောက်လာမှုများအပေါ် လွဲမှားစွာ ကိုင်တွယ်မှုများကြောင့် ဒေသတွင်းနေထိုင်သူများအတွက် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းများ တိုးပွားလာစေခဲ့သည်။ နယ်စပ်တစ်လျှောက်ရှိ မက္ကဆီကို မြို့များတွင် စာရွက်စာတမ်းမပြည့်စုံသဖြင့် အမေရိကန်ဘက်မှ ပြည်ဝင်ခွင့်ငြင်းပယ်ခံရသူများတဖြည်းဖြည်းတိုးပွားလာနေရာ အဆိုပါ ဒုက္ခသည်များသည် လုံခြုံမှုမရှိခြင်း၊ သန့်ရှင်းမှုမရှိခြင်းနှင့် ရေရှည်မထိန်းထားနိုင်ခြင်း...