Connect with us

Media

ရုရှားနိုင်ငံက ဥရောပ သံတမန်များကို ဆက်လက် နှင်ထုတ် 

မော်စကို၊ မေ ၂၀ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံက လက်တုံ့ပြန်သည့်အနေဖြင့် မော်စကိုမြို့ရှိ ပေါ်တူဂီသံရုံးမှ သံတမန် ၅ ဦးကို  နှင်ထုတ်ခဲ့ကြောင်း မေ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားနိုင်ငံဆိုင်ရာ ပေါ်တူဂီသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပြီး ပေါ်တူဂီနိုင်ငံမှ ရုရှားသံတမန် ၁၀ဦးကို နှင်ထုတ်ပစ်ခဲ့သည့်အပေါ် ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ပေါ်တူဂီ သံတမန် ၅ ဦးကို “မလိုလားအပ်သူများအဖြစ်” ကြေညာခဲ့ပြီး ရုရှားနိုင်ငံအတွင်းမှ ၁၄ ရက်အတွင်းထွက်ခွာရမည်ဟု ဆိုသည်။

အလားတူ ထိုနေ့၌ပင် ရုရှားနိုင်ငံက မော်စကိုမြို့ရှိ ဆလိုဗေးနီးယားနိုင်ငံ သံရုံး၌ သံရုံးဝန်ထမ်းစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်ဖြစ်သော ဝန်ထမ်းအင်အား လေးဦးအထိ ၁၀ ရက်အတွင်းလျှော့ချရန် ရုရှားနိုင်ငံက တောင်းဆိုခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ ဆုံးဖြတ်ချက်သည် ပြီးခဲ့သည့်လက ဆလိုဗေးနီးယားနိုင်ငံ လိုယူစ်ယားနား မြို့  ရှိ  ရုရှားသံရုံးဝန်ထမ်းအင်အားကို လျှော့ချရန် နှင့် ၎င်းတို့၏ လုပ်ငန်းခွင်ကိုပျက်လိုပျက်စီးစေသည့် ဆုံးဖြတ်ချက်အပေါ် ပြန်လည် တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

အသေးစိတ်ထုတ်ပြန်ထားမှုမရှိဘဲ ဆလိုဗေးနီးယားနိုင်ငံနှင့်သံတမန်လုပ်ငန်းစဉ်များအတွက် အခြေအနေများ ချိန်ညှိရန်လည်း ဆုံးဖြတ်ထားကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ဧပြီ ၅ ရက်တွင် ပေါ်တူဂီနှင့်ဆလိုဗေးနီးယားနိုင်ငံတို့က လစ်စ်ဘွန်းမြို့နှင့် လိုယူစ်ယားနား မြို့အသီးသီးရှိ   ရုရှားနိုင်ငံသံရုံးများမှ ဝန်ထမ်းများကို လျှော့ချမည့်ဆုံးဖြတ်ချက်များကိုကြေညာခဲ့သည်။  (Xinhua)

…………………………………………..

(English Version)

 

GLOBALink | Russia continues to expel European diplomats

MOSCOW, May 20 (Xinhua) — Russia said Thursday that it is expelling five diplomats of the Portuguese Embassy in Moscow in a retaliatory move.

The Russian Foreign Ministry summoned the Portuguese ambassador to Russia and protested against the expulsion of 10 Russian diplomats from Portugal.

The five Portuguese diplomats were declared “personae non gratae” and must leave Russia within 14 days.

On the same day, Russia also demanded the Slovenian embassy in Moscow reduce its diplomatic staff by four people, about 40 percent of the total number, within 10 days.

The Russian Foreign Ministry said in a statement that the decision was taken in response to Ljubljana’s move last month to reduce the size of the Russian embassy and the deterioration of its working conditions.

The ministry said it also decided to adjust the conditions for the functioning of the Slovenian diplomatic mission, without giving details.

On April 5, Portugal and Slovenia announced their decisions to reduce the Russian embassy staff in Lisbon and Ljubljana respectively.

Produced by Xinhua Global Service