ပေကျင်း၊ မေ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholzနှင့် မေ ၉ ရက် ညနေပိုင်းက ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
နယူးဒေလီ၊ မေ ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အာစန်နီ (Asani) ဆိုင်ကလုန်းမုန်တိုင်းသည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အန်ဒရာပရာဒက်ရှ်-ဩရိဿ မြောက်ဘက်လမ်းကြောင်းသို့ ရွေ့လျားသွားခဲ့ကြောင်း တာဝန်ရှိသူများက မေ ၉ ရက်၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အာစန်နီ(Asani)၏ အရှိန်ကြောင့် ယနေ့ နံနက် မှ မေ၁၃ ရက် အတွင်း မိုးရွာသွန်းခြင်း နှင့် အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်သောကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် လည်းကြိုတင် သတိပြုရန် လိုအပ်ကြောင်း...
ဆိုးလ် ၊ မေ ၁၀ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယို (Yoon Suk-yeol)က ၎င်း၏ အစိုးရအဖွဲ့သစ်အနေဖြင့် ကိုရီးယားကျွန်းဆွယ်၏ နျူကလီးယားအရေးကိစ္စအား ငြိမ်းချမ်းစွာဖြေရှင်းရန် မြောက်ကိုရီးယားနိုင်ငံ(DPRK) နှင့် တွေ့ဆုံဆွေးနွေးရေး တံခါးဖွင့်ထားမည် ဖြစ်ကြောင်း မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ပြည်နယ်အဆင့်ဒေသများစွာ၌ ကိုဗစ်-၁၉ ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားနေသော်ငြားလည်း ယခုနှစ် ပထမလေးလတာကာလအတွင်း ကြံ့ကြံ့ခံရပ်တည်လျက် ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းထားကြောင်း သိရသည်။