ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် လွှတ်တော်နှစ်ရပ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က အမတ်နေရာ စုစုပေါင်း ၃၉၆ နေရာဖြင့် အများဆုံး အနိုင်ရရှိထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ည (၈)နာရီအထိ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
မနီလာ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဖိလစ်ပိုင်နိုင်ငံ၌ ယခုသီတင်းပတ်အတွင်း တိုက်ခတ်ခဲ့သော Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်မှာ ၅၃ ဦးအထိမြင့်တက်လာခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ရဲတပ်ဖွဲ့ (PNP) က နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 ကာလတွင် လက်ဖက်ရည်ဆိုင်များပိတ်ခြင်းအပါအဝင် အခြားအကြောင်းများကြောင့် လက်ဖက်ခြောက်အကြမ်းခြောက်ထုတ်လုပ်မှုမှာ ၇၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံလက်ဖက်လုပ်ငန်းရှင်များ အသင်းမှ နာယက ဦးကျော်သီဟ က ဆင်ဟွာသို့ နိုဝင်ဘာ ၁၄ ရက်တွင်ပြောသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဆွမ့်ရိခရိုင်တွင် အလိုအလျောက်မောင်းနှင်နိုင်သော မော်တော်ယာဉ်များအတွက် စမ်းသပ်မောင်းနှင်ရန်နေရာတစ်ခု၏ ပထမအဆင့်သည် စမ်းသပ်မောင်းနှင်မှုများစတင်ရန် နည်းပညာလိုအပ်ချက်များ ပြည့်မီသွားပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခဲ့ချန် က နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းအချိန်တွင် အာဆီယံ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၌ ဗီဒီယိုကွန်ဖရန့်မှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။