Connect with us

Local

ရွှေဆိုင်နှင့် ရွှေကုန်သည်များ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သည့်ရွှေဈေးအပေါ် ၅၀၀၀ ကျပ် ပေါင်းပြီးသာ အရောင်းအဝယ်ပြုလုပ်ရမည်ဟုဆို

ရွှေဆိုင်တစ်ဆိုင်တွင် ခင်းကျင်းထားသော ရွှေထည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

ရွှေဆိုင်နှင့် ရွှေကုန်သည်များအနေဖြင့် ရွှေဈေးနှုန်းများအား ဖွင့်လှစ်ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သည့်ရွှေဈေးအပေါ် ၅၀၀၀ ကျပ် ပေါင်းပြီးသာ အရောင်းအဝယ်ပြုလုပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ယနေ့ မေ ၄ ရက်တွင် ပြောကြားသည်။ဦးမျိုးမြင့် က “ကျွန်တော်တို့ အသင်းအနေနဲ့ ရွှေဈေးနှုန်းကို ထုတ်ပြန်တဲ့အခါ ကမ္ဘာ့ရွှေဈေးရယ်၊ ပြည်တွင်းဒေါ်လာဈေးရယ်ပေါ်အခြေခံပြီး တွက်ချက်ပါတယ်။ ဒေါ်လာပေါက်ဈေးကို ကြတော့ ဗဟိုဘဏ်ပေါက်ဈေးနဲ့ Earning ပေါက်ဈေးကြားထဲက ဈေးနှုန်းနဲ့ တွက်ပါတယ်။ ရွှေဈေးကို ဈေးကစားတာတွေ မလုပ်ရအောင် ထိန်းကျောင်းလိုက်တဲ့ သဘောပါပဲ။’’ ဟု ပြောသည်။

ယနေ့ မေ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက တစ်ကျပ်သားလျင် ၁,၉၈၉၃,၀၀၀ ဖြင့်ဈေးဖွင့်ခဲ့ပြီး၊ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၈၆၅ အမေရိကန်ဒေါ်လာ ပေါက်ဈေးရှိကြောင်း သိရသည်။

ဦးမျိုးမြင့်က “ရွှေဝယ်ယူမယ့် သူတွေက အဆင်ပြေပါတယ်။ရွှေကုန်ကြမ်း အနေနဲ့ကတော့ နှစ်စဉ် ဇွန်၊ ဇူလိုင်၊ သြဂုတ် ၃ လ က ရေကြီးတယ်။ ရွှေတွင်းတွေက ပြိုတယ်။ ပျက်တယ်။ အဲဒီလတွေကတောထဲက ရွှေတွေကထွက်မလာဘူး။ အဲဒီ ၃ လမှာ ရွှေဈေး ကွက်မှာ ရွှေမပျက်ရအောင် ဗဟိုဘဏ်ကလည်း ရွှေထုတ်ရောင်းမယ်။ နိုင်ငံခြားကနေ ရွှေဝယ်ယူခွင့် ဆောင်ရွက်ပေးမယ်။ နယ်စပ်ဖြတ်ကျော် အရောင်းအဝယ်တွေကိုလည်း ကျွန်တော်တို့ တတ်နိုင်သမျှ တားပေးမှာပါ’’ ဟု ဦးမျိုးမြင့်ကဆက်ပြောသည်။

လက်ရှိတွင် ရွှေဈေးကွက်၌ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရသည်။၂၉ လမ်းအောက်ဘလောက်ရှိ ကောင်းစံရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော်က “ အသင်းက ဈေးနှုန်းသတ်မှတ်ပေးသလို လိုအပ်တဲ့ ရွှေကုန်ကြမ်းကို လိုချင်သလောက် ရောင်းပေးနိုင်ရင်တော့ ဆိုင်ရှင်တွေ အတွက် အဆင်ပြေသွားမှာပါ’’ ဟု ဆင်ဟွာသို့ ယနေ့ မေ ၂၄ ရက်တွင် ပြောကြားသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.