နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) လစ်လပ်နေသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နေရာတွင် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုခြင်းအပေါ် ပြည်ထောင်စု လွှတ်တော် ယနေ့အစည်းအဝေးတွင် ကန့်ကွက်သူ မရှိ အတည်ပြုခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့်ရသော လူနာအရေအတွက်မှာ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းအထိ စုစုပေါင်း ၃,၂၈၁ ဦးထိ ရှိသွားပြီးဖြစ်ကြောင်း တရုတ်နိုင်ငံကျန်းမာရေးအာဏာပိုင်များက ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ဟူပေပြည်နယ်မှအပ တရုတ်နိုင်ငံ ကျန်ဒေသများတွင် ဖေဖော်ဝါရီ ၈ ရက် နေ့အထိ စစ်ဆေးတွေ့ရှိချက်များအရ ကိုရိုနာ အဆုတ်ရောင်ရောဂါ အတည်ပြုလူနာ အရေအတွက် နေ့စဉ်တိုးတက်မှုနှုန်းသည် ၅ ရက် ဆက်တိုက် ကျဆင်းလျက်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်၏ အချက်အလက်များအရ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) တစ်ကမ္ဘာလုံးရှိ ပြည်သူလူထု က တရုတ်နိုင်ငံနှင့်အတူ လက်တွဲကာ နိုဗယ်ကိုရိုနာဗိုင်းရပ် ကို လက်တွဲချေမှုန်းရန် “ဗိုင်းရပ်ကို အတူချေမှုန်းကြစို့” ဟူ ၍အားပေးစကားပြောကြားခဲ့သည့်မှတ်တမ်းရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာပင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းရန် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အခြေအနေအပေါ် ဆက်လက်အလေးထားဆောင်ရွက်နေကြောင်းသိရသည်။