မက္ကဆီကိုစီးတီး ၊ ဇွန် ၇ ရက်(ဆင်ဟွာ) အချို့နိုင်ငံများအား အမေရိကန်နိုင်ငံက ချန်လှပ်ထားခြင်းကြောင့် ယခုရက်သတ္တပတ်အတွင်း ကျင်းပပြုလုပ်မည့် အမေရိကတိုက်နိုင်ငံများထိပ်သီးအစည်းအဝေးသို့ တက်ရောက်လိမ့်မည်မဟုတ်ကြောင်း မက္ကဆီကိုနိုင်ငံသမ္မတ Andres Manuel Lopez Obrador က ဇွန် ၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဇွန် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း သို့မဟုတ် ယူကရိန်းနိုင်ငံသို့ လက်နက်များ အဆက်မပြတ် ထောက်ပံ့ပေးခြင်း မပြုကြရန် တရုတ်သံတမန်က ဇွန် ၆ ရက်တွင် သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဇွန် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဆားဗီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့သို့ ဦးတည်ပျံသန်းသော ၎င်း၏ လေယာဉ်ခရီးစဉ် ဟန့်တားပိတ်ဆို့ခံရခြင်းနှင့်ပတ်သက်၍ ဆားဗီးယားပတ်ပတ်လည်ရှိ အိမ်နီးချင်းနိုင်ငံများ၏ “ မထင်မှတ်ထားသော ဆုံးဖြတ်ချက်များ” အပေါ် ဇွန် ၆ ရက်တွင် ပြစ်တင်ရှုတ်ချ လိုက်သည်။
ရန်ကုန်၊ ဇွန် (၆) ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးသူ ဦးရေသည် ၂၆ ဒသမ ၈ သန်း ကျော်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
ပေကျင်း ၊ ဇွန် ၆ ရက်(ဆင်ဟွာ) Shenzhou-14 အာကာသယာဉ်မှူးများသည် ပတ်ဝန်းကျင်စမ်းသပ်မှုများ ပြီးစီးကာ တံခါးပေါက်အား အောင်မြင်စွာ ဖွင့်လှစ်ပြီးနောက် Tianzhou-4 ကုန်တင်အာကာသယာဉ် အတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း တရုတ်နိုင်ငံလူလိုက်ပါအာကာသအေဂျင်စီ(CMSA) ထံမှ သိရသည်။ (Xinhua) ———————- (English Version) Shenzhou-14 astronauts enter...