ယူနန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရေသဘင်ပွဲတော်၌ တိုင်းရင်းသားလူမျိုးများ၏ အကအလှများကို တိုက်ရိုက်ထုတ်လွှင့်ပြီး တစ်ဦးနှင့်တစ်ဦးရေပက်ကစားကြသည်။ ယခုနှစ်တွင် ကပ်ရောဂါကြောင့် ရေသဘင်ပွဲတော်ကို အွန်လိုင်းမှတစ်ဆင့်ကျင်းပခဲ့သော်လည်း ကြည့်ရှုသူများက တိုက်ရိုက်ထုတ်လွှင့်မှုပွဲတော်ကို အွန်လိုင်းမှ စည်ကားသက်ဝင်စေခဲ့သည်။ ရေသဘင်ပွဲတော်သည်...
တွန်းဟွမ်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ကျောက်ဂွမ်းတန်ချိန်ပေါင်း ၅၃၀ တင်ဆောင်လာသည့် ကုန်တင်ရထား တစ်စင်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မိုဟန် ဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှတစ်ဆင့် ပို့ဆောင်ခဲ့သည်။ရေကြောင်းကုန်စည်သယ်ယူခြင်းနှင့်အခြားနည်းလမ်းများဖြင့်သယ်ယူခြင်းတို့နှင့်နှိုင်းယှဉ်ပါက ကုန်တင်ရထားဖြင့် ကုန်စည်သယ်ယူပို့ဆောင်မှုမှာ အချိန် ၂၈ ရက် ပိုမိုသက်သာစေသောကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်စက...
ဆိုးလ်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) မကြာသေးမီက အာရှ-ပစိဖိတ်ဒေသတွင် ကပ်ရောဂါ အခြေအနေ ဆိုးဝါးနေဆဲဖြစ်သည်။ အချို့နိုင်ငံများတွင် တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာ သောင်းချီရှိနေဆဲဖြစ်ပြီး အချို့နိုင်ငံများတွင်လည်း တစ်ကျော့ပြန်ရောဂါဖြစ်ပွားမှုလည်း မြင့်တက်လာနေပြီဖြစ်သည်။ ဧပြီ ၂၂ ရက်တွင် တောင်ကိုးရီးယားနိုင်ငံ၌ တစ်ရက်အတွင်း အတည်ပြုလူနာ ၈၁,၀၅၈ ဦးထပ်တိုးရာ စုစုပေါင်းအတည်ပြုလူနာ...
ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံအကြား ပဋိပက္ခများစတင်ဖြစ်ပွားချိန်မှစတင်ကာ ဥရောပတိုက်သည် ပဋိပက္ခ၏ တိုက်ရိုက် သက်ရောက်မှုများဖြစ်သည့် ဒုက္ခသည်များ ၊ စွမ်းအင်နှင့် စီးပွားရေး အကျပ်အတည်းများကို တာဝန်ယူရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျောက်လိကျန်းက ဧပြီ ၂၂ ရက်တွင်ပြောကြားခဲ့သည်။ “ ရုရှားနိုင်ငံနဲ့...
ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံး အသင်း သည် တောင်ကိုရီးယားနိုင်ငံ၌ သွားရောက်လေ့ကျင့်ကာ ခြေစမ်းပွဲများယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက “မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက တောင်ကိုရီးယားနိုင်ငံကို မနက်ဖြန် ဧပြီလ ၂၄ ရက်နေ့မှာ...