Connect with us

Myanmar

၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း တောင်ကိုရီးယားနိုင်ငံ၌ ခြေစမ်းပွဲများယှဉ်ပြိုင်ကစားမည်

၂၀၂၂ ခုနှစ် ဇန်န်နဝါရီ ၂၄ ရက်တွင် အိန္ဒိယနိုင်ငံ၌ မြန်မာအသင်းနှင့် တောင်ကိုရီးယား အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံး အသင်း သည် တောင်ကိုရီးယားနိုင်ငံ၌ သွားရောက်လေ့ကျင့်ကာ ခြေစမ်းပွဲများယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက “မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက တောင်ကိုရီးယားနိုင်ငံကို မနက်ဖြန် ဧပြီလ ၂၄ ရက်နေ့မှာ ထွက်ခွာကြမှာပါ။ လေ့ကျင့်မှုတွေပြုလုပ်ပြီး ခြေစမ်းပွဲ ၃ ပွဲ ကစားဖို့ရှိပါတယ်’’ ဟုဆင်ဟွာသို့ ဧပြီ ၂၃ ရက်တွင်ပြောသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် တောင်ကိုရီးယားခရီးစဉ်သို့ ကစားသမား ၂၂ဦးကို ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ဆီးဂိမ်း ပြိုင်ပွဲတွင် ထိုင်း၊စင်ကာပူ၊ လာအို အသင်းတို့နှင့် အုပ်စုတစ်ခုတည်း ကျရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ (Xinhua)