Connect with us

Media

ယခုနှစ်ရေသဘင်ပွဲတော်ကို အွန်လိုင်းမှ ကျင်းပခဲ့သည့် တိုင်လူမျိုးများ

ယူနန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရေသဘင်ပွဲတော်၌ တိုင်းရင်းသားလူမျိုးများ၏ အကအလှများကို တိုက်ရိုက်ထုတ်လွှင့်ပြီး တစ်ဦးနှင့်တစ်ဦးရေပက်ကစားကြသည်။

ယခုနှစ်တွင် ကပ်ရောဂါကြောင့် ရေသဘင်ပွဲတော်ကို အွန်လိုင်းမှတစ်ဆင့်ကျင်းပခဲ့သော်လည်း ကြည့်ရှုသူများက တိုက်ရိုက်ထုတ်လွှင့်မှုပွဲတော်ကို အွန်လိုင်းမှ စည်ကားသက်ဝင်စေခဲ့သည်။

ရေသဘင်ပွဲတော်သည် တိုင် တိုင်းရင်းသားလူမျိုးစု ၏ နှစ်သစ်ကူးပွဲတော်တစ်ခုဖြစ်သည်။
ကံဇာတာကောင်းမွန်လာစေရန် ဆုတောင်းကာ တစ်ဦးနှင့်တစ်ဦးရေများ ဖျန်းပက်ကြပြီး နှစ်ဟောင်းကို နှုတ်ဆက်လျက် နှစ်သစ်ကိုကြိုဆိုကြခြင်းဖြစ်သည်။

ယခင်နှစ်များဆီက ဒေသခံများနှင့် ကမ္ဘာလှည့်ခရီးသွားများက အဆိုပါပွဲတော်အား လက်ချင်းချိတ်ဆင်နွှဲခဲ့ကြသည်။
၎င်းတို့သည် ပွဲတော်ကို အွန်လိုင်းမှ ကျင်းပသည့်အခါတွင်လည်းအတူရှိနေပြီး ချစ်ကြည်ရင်းနှီးမှုများကို မြှင့်တင်ကာ ယဉ်ကျေးမှုများကိုဖလှယ်ခဲ့ကြသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117