မော်စကို၊ မတ် ၃၀ ရက် (ဆင်ဟွာ) ရုရှားသမ္မတ ဗလာတီမာပူတင်သည် မတ် ၂၉ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ရာ နှစ်ဖက်စလုံးမှ ထိုနေ့တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပခဲ့သည့် ရုရှား-ယူကရိန်း အသစ်တစ်ကြိမ် ဆွေးနွေးမှုအပါအဝင် ယူကရိန်းအရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။
မော်စကို ၊ မတ် ၃၀ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက ဆတူလက်တုံ့ပြန်သည့်အနေဖြင့် ဘောလ်တစ်နိုင်ငံ သုံးနိုင်ငံမှ သံတမန် စုစုပေါင်း ၁၀ ဦးကို နှင်ထုတ်လိုက်ကြောင်း မတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
အစ္စတန်ဘူလ်၊ မတ် ၃၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် မတ် ၂၉ ရက်၌ ပြုလုပ်သော မျက်နှာချင်းဆိုင်တွေ့ဆုံသော ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ် ပြီးဆုံးခဲ့ပြီဖြစ်ကြောင်းနှင့် အချိန် သုံးနာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူလ်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် အပစ်အခတ်ရပ်စဲရေးအတွက် နောက်ထပ်ကြိုးပမ်းမှုအဖြစ် မတ် ၂၉ ရက်တွင် မျက်နှာချင်းဆိုင်တွေ့ဆုံသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ 5G ချိတ်ဆက်မှု အရေအတွက်သည် ၂၀၂၅ ခုနှစ်မကုန်မီအထိ ၈၉၂ သန်းအထိ ရောက်ရှိလာမည်ဖြစ်ကြောင်း နိုင်ငံတကာ မိုဘိုင်းအော်ပရေတာ အသင်းတစ်ခုဖြစ်သော GSMA ၏ မကြာသေးခင်က လေ့လာမှုအရ သိရသည်။