ဟောင်ကောင်၊ မေ ၈ ရက် (ဆင်ဟွာ) ” ရွေးကောက်ပွဲမှာ မစ္စတာဂျွန်လီ ရွေးချယ်ခံရ” ဟု ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဆဋ္ဌမသက်တမ်းအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ကျင်းပရေး တာဝန်ရှိသူက မေ ၈ ရက် ၁၂ နာရီ ၂၀ မိနစ်တွင် လေးနက်စွာ ကြေညာခဲ့သည်။
ဟောင်ကောင် ၊ မေ ၈ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ ( HKSAR) ၏ ဆဌမသက်တမ်းအုပ်ချုပ်ရေးမှူး ရာထူးအတွက် ရွေးကောက်ပွဲပြန်လည်ဝင်ရောက် အရွေးခံသူ ဂျွန်လီ(John Lee) က အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ် ခန့်အပ်ခံရကြောင်း ယနေ့ မေ ၈ ရက် ညနေပိုင်းတွင်...
ဟာဗားနား ၊ မေ ၈ ရက်(ဆင်ဟွာ) ကျူးဘားနိုင်ငံ ဟာဗားနားမြို့လယ်ရှိ ဇိမ်ခံဟိုတယ်တစ်လုံး၌ ပြင်းထန်သောပေါက်ကွဲမှုတစ်ခုအတွင်း သေဆုံးသူ အရေအတွက်မှာ ၂၂ ဦးထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရရှိသူ ၆၄ ဦး ရှိကြောင်း မေ ၆ ရက်ညနေပိုင်းတွင် နောက်ဆုံးအခြေအနေအား ကျူးဘားသမ္မတရုံးက ပြောကြားခဲ့သည်။
ဘဲလ်ဂရိတ် ၊ မေ ၈ ရက်(ဆင်ဟွာ) ၁၉၉၉ ခုနှစ်က ယူဂိုဆလားဗီးယားပြည်ထောင်စုရှိ ယခင်တရုတ်သံရုံးအား နေတိုးတပ်ဖွဲ့(NATO) က ဗုံးကြဲခဲ့မှုအတွင်း အသက်သေဆုံးခဲ့ရသည့် တရုတ်သတင်းသမား ၃ ဦးအား ရည်စူး၍ လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနားတစ်ရပ်ကို မေ ၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဆားဗီးယားနိုင်ငံ နှင့် တရုတ်နိုင်ငံ...
ဟူနန်၊ မေ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်းဟူနန်ပြည်နယ်တွင် ကိုယ်တိုင်ဆောက်လုပ်ထားသည့်လူနေအဆောက်အဦတစ်ခု ပြိုကျမှုဖြစ်စဉ်အတွင်း စုစုပေါင်း လူ ၅၃ ဦး သေဆုံးခဲ့ကြောင်း မေ ၆ ရက်တွင်ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ ၌ အတည်ပြုပြောကြားခဲ့သည်။ ဖြစ်စဉ်အတွင်း လူပေါင်း ၁၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။အဆောက်အဦပြိုကျမှုမှာ...