ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတို့တွင် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ (Myanmar Automated Cargo Clearance System) MACCS စနစ်ကို စတင်အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်အေး က ဆင်ဟွာသို့...
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ချင်းပြည်နယ် ဟားခါးမြို့၌ ယနေ့(မတ် ၂၉ ရက်)နံနက်ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်တစ်စီး တောင်စောင်းပေါ် ပျက်ကျမှုဖြစ်ပွားရာ ယာဥ်ပေါ်လိုက်ပါလာသူ (၅)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ကွေ့တိန့်၊ မတ် ၂၉ ရက်(ဆင်ဟွာ) လက်ရှိ CCCC Second Highway Engineering Co.,Ltdနှင့်CCCC Fourth Highway Engineering Co.,Ltd.တို့ တာဝန်ယူတည်ဆောက်နေသည့် တရုတ်နိုင်ငံကွေ့ကျိုးပြည်နယ် ကွေ့-ဟွမ် မြန်နှုန်းမြင့် အဝေးပြေး ပင်မလမ်းတည်ဆောက်မှုသည် ပြီးစီးတော့မည်ဖြစ်ရာ ယခုနှစ်အတွင်း လမ်းကြောင်းအပြည့် ဖွင့်လှစ်ပြေးဆွဲနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။
မော်စကို ၊ မတ် ၂၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ယူကရိန်းနိုင်ငံရှိ အမေရိကန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာဇီဝဗေဒလှုပ်ရှားမှုများသည် မကောင်းဆိုးဝါးအစီအစဉ်တစ်ခု ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ရုရှားနိုင်ငံ၏ RIA Novosti သတင်းအေဂျင်စီက မတ် ၂၇ ရက်တွင် ဖော်ပြခဲ့သည်။
နယူးယောက်၊ မတ် ၂၉ ရက်(ဆင်ဟွာ) သက်ဆိုင်ရာဘက်ပေါင်းစုံက ယူကရိန်းတွင် လူသားချင်းစာနာထောက်ထားမှု အပစ်ခတ်ရပ်စဲရေး ချက်ချင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က မတ် ၂၈ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။ ရုရှားနှင့်ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များသည် တူရကီနိုင်ငံ အကြီးဆုံးမြို့ ဖြစ်သော အစ္စတန်ဘူလ်မြို့သို့ မတ် ၂၈ ရက်က ရောက်ရှိခဲ့ရာ နှစ်ဖက်...