မနီလာ၊ မတ် ၂၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် မြေငလျင်ပညာဆိုင်ရာအဖွဲ့အစည်းက မနီလာမြို့အနီး Taal မီးတောင်မှာ “မငြိမ်သက်မှု မြင့်တက်လာသဖြင့်” မတ် ၂၆ ရက်၌ သတိပေးချက်အဆင့် မြှင်တင်ခဲ့ကြောင်း သိရသည်။
နယူးယောက်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံက ဆွေးနွေးမှုကို နှောင့်နှေးစေရန် ရည်ရွယ်လုပ်ဆောင်နေပြီး ရုရှား-ယူကရိန်းအနေဖြင့် အဓိကနိုင်ငံရေးကိစ္စရပ်များတွင် တိုးတက်မှုမရှိဘဲ ရပ်တန့်နေကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ သမ္မတ လက်ထောက် Vladimir Medinsky က မတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့်နေတိုးအဖွဲ့အနေဖြင့် ဆားဘီးယား၊ အီရတ်၊ အာဖဂန်နစ္စတန်နိုင်ငံနှင့် ဆီးရီးယားနိုင်ငံများရှိ ပြည်သူများအပေါ်ကျူးလွန်ခဲ့သော ၎င်းတို့၏ ရာဇဝတ်မှုများအား ပြန်မသုံးသပ်သရွေ့ မည်သူ့ကိုမျှ ဩဇာအာဏာပြခွင့်မရှိသလို တရားစီရင်ခွင့်လည်းမရှိကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် က မတ် ၂၅ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တောင်ကိုရီးယားနိုင်ငံ ရွေးကောက်ခံသမ္မတ ယွန်းဆက်ယို (Yoon Suk-yeol) နှင့် မတ် ၂၅ ရက် မွန်းလွဲပိုင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့သည် အမေရိကန်မှ ဥရောပသို့ သဘာဝဓာတ်ငွေ့ရည် တင်ပို့မှု တိုးချဲ့လုပ်ဆောင်ခြင်းနှင့် သန့်စင်စွမ်းအင်သို့ အရှိန်မြှင့်တင် ပြောင်းလဲပြီး ဥရောပသမဂ္ဂ စွမ်းအင်လုံခြုံရေးကို ကာကွယ်သည့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ရပ်ကို မတ် ၂၅ ရက်တွင်ကြေညာခဲ့သည်။