ပြုံးယမ်း ၊ မတ် ၁၀ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)၏ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က မြောက်ကိုရီးယားနိုင်ငံသည် အာကာသသို့ အမျိုးမျိုးသော စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တုများကို လွှတ်တင်သွားမည် ဟု ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက မတ် ၁၀ ရက်တွင် ဖော်ပြခဲ့သည်။
ပေကျင်း ၊ မတ် ၁၀ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ပြည်တွင်းကပ်ရောဂါထိန်းချုပ်ရေး အပြည့်အဝ ပံ့ပိုးကူညီနေစဉ်အတွင်း ကမ္ဘာအနှံ့ COVID-19 ရောဂါတိုက်ဖျက်ရေးအတွင် တက်ကြွသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်တပ်မတော်သည် ပါကစ္စတန် ၊ ကမ္ဘောဒီးယား ၊ မွန်ဂိုလီးယား နှင့်...
ပေကျင်း ၊ မတ် ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ယူကရိန်းအရေးအပေါ် တရုတ်၏ ရပ်တည်ချက်နှင့်ပတ်သက်၍ “ တရုတ်နှင့်ရုရှားကို တစ်ပြိုင်တည်း နှိပ်ကွပ်ရန် ချောင်းမြောင်းအကွက်ရှာနေခြင်းဖြစ်ကြောင်း” တရုတ်ပြောရေးဆိုခွင့်ရှိသူတစ်ဦး မတ် ၉ ရက်တွင်ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံ၌ ရုရှား၏ စစ်ဆင်ရေးကို တရုတ်နိုင်ငံက ခပ်စောစောပိုင်းကတည်းက ကြိုတင်သိရှိနေပြီးသားဖြစ်သည် ဆိုသည့် နယူးယောက်တိုင်းသတင်းစာတွင်...
အော့တဝါ ၊ မတ် ၁၀ ရက်(ဆင်ဟွာ) ကနေဒါစစ်တပ်(CAF) နှင့် အမေရိကန်စစ်တပ်တို့သည် စစ်ရေးစွမ်းရည် အားကောင်းလာစေရန် ဖေဖော်ဝါရီလ နှင့် မတ်လတို့တွင် အာတိတ်ဒေသ၌ ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း ကနေဒါနိုင်ငံ အမျိုးသားကာကွယ်ရေးဌာနက မတ် ၉ ရက်တွင် ကြေညာခဲ့သည်။ ကနေဒါစစ်တပ်(CAF)သည် ၎င်းတို့၏ စစ်ဘက်အဖွဲ့အစည်းများ ထိရောက်စွာ...
ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ) ယူကရိန်း၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံကြက်ခြေနီအသင်းက ယူကရိန်းကြက်ခြေနီအသင်းသို့ စားနပ်ရိက္ခာနှင့် နေ့စဉ်သုံးပစ္စည်းများ အပါအဝင် ယွမ် ၅ သန်းတန်ဖိုးရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတစ်သုတ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် ယင်းအထောက်အပံ့ပစ္စည်းများသည် ပေကျင်းမြို့မှ စတင်ပို့ဆောင်နေပြီဖြစ်ပြီး သင့်လျော်သည့် နည်းလမ်းဖြင့် ယူကရိန်းကြက်ခြေနီအသင်းသို့ အမြန်ဆုံးပေးအပ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ...