စင်ကာပူ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်ပြည်မကြီးမှ ရက်တိုခရီးသွားဧည့်သည်များအား စင်ကာပူနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး COVID-19 ကင်းစင်ကြောင်းစစ်ဆေးပြီးပါက ၁၄ ရက် သီးခြားနေထိုင်ရန် မလိုအပ်ကြောင်း စင်ကာပူ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ (CAAS) က အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို နှင့် အမေရိကန်နိုင်ငံသမ္မတ ၏ လက်ထောက်နှင့် အမေရိကန်အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး Pottinger တို့၏ လတ်တလောရက်ပိုင်းအတွင်း တရုတ်နိုင်ငံအပေါ်ပြစ်တင်ဝေဖန်မှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း က ပွန်ပီယို...
ဆိုးလ် ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံအမြင့်ဆုံးတရားရုံး က အကျင့်ပျက်ခြစားမှုစသည့် ပြစ်မှုများဖြင့် တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း Lee Myung-bak အား အောက်တိုဘာ ၂၉ ရက်၌ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် ယူ-၂၂ အမျိုးသားဘောလုံးအသင်း၏ နည်းပြချုပ်ပိုပေါ့ဗ်အား ဆက်လက်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် မူအားဖြင့်နှစ်ဘက်သဘောတူညီမှုရထားပြီဖြစ်ပြီး ၂၀၂၀ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) မှ အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်း က ဆင်ဟွာသို့ အောက်တိုဘာ ၃၀ရက်တွင်ပြောသည်။
မက်ဒရစ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) စပိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုမြင့်တက်ကာ အခြေအနေ ပိုမိုဆိုးရွားလာခြင်းကို ထိန်းချုပ်ရန်အတွက် ဒေသ ၄ ခု ထပ်မံပိတ်ပင်ရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်သူများက အောက်တိုဘာ ၂၈ ရက်က ပြောကြားခဲ့သည်။