ရှန်ဟိုင်း၊ မတ် ၄ ရက်(ဆင်ဟွာ) ရေအောက်တွင် နစ်မြုပ်နေသည့် နှစ်ပေါင်း ၁၆၀ သက်တမ်းရှိသော သင်္ဘောကြီး ဆယ်ယူမှုလုပ်ငန်းကို မတ် ၃ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ၎င်းမှာ ယနေ့အထိ တရုတ်နိုင်ငံ ရေအောက်တွင် တွေ့ရှိရသည့် အကြီးဆုံးနှင့် အကောင်းဆုံးထိန်းသိမ်းထားနိုင်သည့် သစ်သားသင်္ဘောကြီး ဖြစ်ကြောင်းသိရသည်။ ရေအောက်ရှိ ယင်းသင်္ဘောကြီးသည်...
ပဲရစ်၊ မတ် ၄ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က ဧပြီလတွင်း ကျင်းပရန်လျာထားသော သမ္မတရွေးကောက်ပွဲ၌ ဒုတိယသက်တမ်းအတွက် ဝင်ရောက်အရွေးခံမည်ဟု မတ် ၃ ရက်၌ တရားဝင်ကြေညာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၄ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် “No-fly Zone” သတ်မှတ်ပေးရန် ယူကရိန်း သမ္မတ ဇယ်လန်းစကီးက မတ် ၁ ရက်တွင် ထပ်မံ တိုက်တွန်းခဲ့သည်။
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) မတ် ၁ ရက် ကစ၍ နွေရာသီကို စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် နွေရာသီသည် ပူပြင်းစိုစွတ် နိုင်ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မတ် ၄ ရက်တွင် ပြောသည်။
မော်စကို၊ မတ် ၄ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ၌ ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးများအား အစီအစဉ်လျားထားသည့်အတိုင်း တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်း သမ္မတ ဗလာတီမာပူတင်(Vladimir Putin) က မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။