ဂျကာတာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အနောက်ဆူမတြားပြည်နယ်တွင် ဖေဖော်ဝါရီ ၂၅ ရက်၌ အင်အား ၆.၂ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး အခြားသူ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အနောက်ဆူမတြားပြည်နယ်...
မော်စကို၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် နိုင်ငံအများအပြားမှ ခေါင်းဆောင်များနှင့် ဖုန်းဖြင့်ဆက်သွယ်ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့ကြောင်း ရုရှားသမ္မတရုံး ဝက်ဘ်ဆိုဒ်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ပူတင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့်...
ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ (UN) အနေဖြင့် ရုရှားနိုင်ငံနှင့် စစ်ရေးပဋိပက္ခအလယ်ရောက်ရှိနေသော ယူကရိန်းနိုင်ငံ၌ အရေးပေါ်လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ဗဟိုအရေးပေါ်အခြေအေနေတုန့်ပြန်ရေးရန်ပုံငွေ (CERF) မှ အမေရိကန်ဒေါ်လာ သန်း ၂၀ ခွဲဝေသတ်မှတ်မည်ဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဖေဖော်ဝါရီ ၂၄ ရက်က...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် တောင်တရုတ်ပင်လယ်၏ “ပြဿနာ ဖန်တီးသူ”နှင့် “အရေးအခင်း ဖန်တီးသူ” ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြန်ကြားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ထန်ခက်ဖေးက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ထန်ခက်ဖေးက တောင်တရုတ်ပင်လယ်၏ လွတ်လပ်စွာ ရေကြောင်းသွားလာရေးနှင့်ပျံသန်းရေးသည်...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ဖေဖော်ဝါရီ ၂၄ ရက်တွင် အိမ်ဖြူတော်၌ ယူကရိန်းအရေးနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် ရုရှားနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုအသစ်တစ်ရပ် လုပ်ဆောင်ရန်နှင့် ဥရောပသို့ စစ်အင်အားများ တိုးမြှင့်ချထားရန် ကြေညာခဲ့သည်။ ယခုအကြိမ်ပိတ်ဆို့မှုတွင် ရုရှားနိုင်ငံပိုင်ဘဏ်၊ ရုရှားငွေစုဘဏ်နှင့်...