မော်စကို၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ တောင်ပိုင်း အိုဒက်ဆာမြို့အနီးရှိ ရေနံချက်စက်ရုံတစ်ရုံနှင့် လောင်စာဆီသိုလှောင်ရုံ ၃ ခုကို ရုရှားစစ်တပ်က ဧပြီ ၃ ရက် နံနက်ပိုင်းတွင် ဒုံးကျည်ဖြင့် ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ယင်းနေ့တွင် ဖော်ပြခဲ့သည်။
ပေကျင်း၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယူကရိန်းအကျပ်အတည်း ပေါက်ကွဲလာခြင်းသည် တစ်နေ့တစ်ည တစ်ရက်တည်းကြောင့် မဟုတ်ဘဲ၊ ကာလကြာရှည် ဖြစ်တည်လာသည့် အကြောင်းတရားများကြောင့် ဖြစ်သည်။
အစ္စလာမ်မာဘတ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် အင်မရန်ခန်းအပေါ် အတိုက်အခံမဟာမိတ်များက တင်သွင်းလာသော အယုံအကြည်မရှိအဆိုသည် ဝန်ကြီးချုပ်အား ဆန့်ကျင်သည့်လှုပ်ရှားမှုတွင် နိုင်ငံခြားသားခြေရာလက်ရာများ ပါဝင်ပတ်သက်နေသည်ဟုဆိုကာ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌက ပယ်ချလိုက်ကြောင်း သိရသည်။
ကိဗ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံက ကိဗ်ဒေသတစ်ခုလုံးကို ထိန်းချုပ်မှု ပြန်လည်ရရှိသွားပြီ ဖြစ်ကြောင်း ယူကရိန်းနိုင်ငံ၏ ဒုတိယကာကွယ်ရေးဝန်ကြီး Maliar က ဧပြီ ၂ ရက်တွင် ဖေဘွတ်ခ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) “ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားပြီးတဲ့နောက်မှာတော့ အမေရိကန်နိုင်ငံဟာ သူ့ကိုယ်သူ ကမ္ဘာ့အင်အားအကြီးဆုံး စူပါပါဝါနိုင်ငံအဖြစ် တည်ဆောက်ဖို့ အားထုတ်ကြိုးပမ်းခဲ့ပါတယ် ။ အီရတ် ၊ ယူဂိုဆလားဗီးယား ၊ အာဂဖန်နစ္စတန် နဲ့ အခြားနိုင်ငံပေါင်းများစွာမှာ မရေမတွက်နိုင်တဲ့စစ်ပွဲတွေ ဆင်နွှဲရင်း အမေရိကန်ဗိုလ်ကျစိုးမိုးရေးဝါဒအတွက် ဘယ်ခြိမ်းခြောက်မှုမျိုးကိုမဆို သုတ်သင်ရှင်းလင်းခဲ့ပါတယ်”...