ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အာဖရိကဝက်အပြင်းဖျားရောဂါသည် ဝက်များတွင် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်သည့် ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်သောကြောင့် မိမိမွေးမြူထားသောဝက်များအားကြိုတင်ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ချက်ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အခြေစိုက် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက ကလေးငယ်များအတွက် AR-15 ပုံစံငယ် semi-automatic ရိုင်ဖယ်သေနတ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း နယူးဒေလီအခြေစိုက် NDTV ရုပ်မြင်သံကြား သတင်းချန်နယ်က မကြာသေးမီက သတင်းဖော်ပြခဲ့သည်။
အဒစ်အဘာဘာ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက တည်ဆောက်ခဲ့သည့် အဒစ်အဘာဘာ-ဂျီဘူတီ စံချိန်မီ ရထားလမ်း သည် ဒေသတွင်း အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်းသိရသည်။ အရှည် စုစုပေါင်း ၇၅၂ ကီလိုမီတာ ရှိသည့် နယ်စပ်ဖြတ်ကျော်ရထားလမ်း သည် ရပ်ဝန်းနှင့် ပိုးလမ်မ ပူးပေါင်းဆောင်ရွက်မှု ၏ အထင်ကရစီမံကိန်းတစ်ခုဖြစ်ပြီး...
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ယူကရိန်းနိုင်ငံအတွင်း စစ်ဆင်ရေးတစ်ခုအား ကြေညာခဲ့ပြီးနောက် မကြာမီတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ရုရှားနိုင်ငံသမ္မတ ပူတင်အား တပ်ဖွဲ့ဝင်များကို ရုရှားနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းတွင် တောင်းဆိုခဲ့ကြောင်း သိရသည်။
ကွီတို၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် မြို့တော်ကွီတို၌ တရုတ်နိုင်ငံ Sinovac Biotech Ltd နှင့် ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းမှု သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ဖက်စလုံးမှ အီကွေဒေါတွင် ကိုဗစ်နှင့်အခြားကာကွယ်ဆေးများ ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် သဘောတူခဲ့ကြောင်း သိရသည်။