နယူးယောက်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် အောက်တိုဘာ ၁၉ ရက်ထိ COVID-19 ကြောင့် သေဆုံးသူ ၂၂၀,၀၀၀ ဦး ကျော်လွန်လာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန (CSSE) အဆိုအရ သိရသည်။
ဆန်ဖရန်စစ္စကို ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းရှိ အမေရိကန်နိုင်ငံ အလက်စကာကျွန်းဆွယ်ကမ်းလွန်တွင် အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းက ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် အလက်စကာကမ်းရိုးတမ်းတစ်လျှောက်တွင် ဆူနာမီသတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက တစ်ကမ္ဘာလုံးတွင် ကြိမ်ဖန်များစွာ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ရုရှားစစ်ထောက်လှမ်းရေးအရာရှိ ၆ ဦးကို စွဲချက်တင်လိုက်ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) အထွေထွေရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အောက်တိုဘာ ၁၉ ရက်တွင်ပြောကြားခဲ့သည်။