ကွမ်ကျိုး ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်သို့ သွားရောက်သည့် စစ်ဆေးရေးခရီးတစ်ခုအတွင်း ကုမ္ပဏီများ၏ လွတ်လပ်သောတီထွင်ဆန်းသစ်မှုအပေါ် မီးမောင်းထိုး ပြောကြားခဲ့သည်။
ဝါရှင်တန် ၊အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ၏ စုစုပေါင်းပြင်ပကြွေးမြီသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၇၄ ဘီလီယံ ရှိခဲ့ရာ ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက်က ကမ္ဘာ့ဘဏ်အုပ်စု၏ နောက်ဆုံးထုတ်ပြန်သော နိုင်ငံတကာကြွေးမြီစာရင်းအင်း (IDS) အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တွင် COVID-19 ရောဂါပိုး ကူးစက်ခံရပြီးနောက် ၁၂ ရက်အကြာ၌ ရောဂါစစ်ဆေးမှုပြုလုပ်ခဲ့ရာ ဗိုင်းရပ်စ်ပိုးမတွေ့ရှိတော့ကြောင်း အိမ်ဖြူတော်သမားတော် Sean Conley က အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) အမေရိကန် ဆေးဝါး ကုမ္ပဏီကြီး Johnson & Johnson က ၎င်းတို့၏ COVID-19 ကာကွယ်ဆေးစမ်းသပ်မှုတွင် ပါဝင်သူတစ်ဦး ဖျားနာလာခြင်းကြောင့် ကာကွယ်ဆေးစမ်းသပ်မှုကို ယာယီရပ်တန့်ထားကြောင်း အောက်တိုဘာ ၁၂ ရက်က ပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံက စိန်ခေါ်မှုကြီး နှစ်ရပ်ကို ရင်ဆိုင်နေရကြောင်း COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် COVID-19 ရောဂါဖြစ်ပွားမှု...