ဟောင်ကောင်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ဟောင်ကောင်ရှိ Yuen Long မြို့တွင် ပြည်မကြီးမှ ပံ့ပိုးမှုဖြင့် တည်ဆောက်ထားသော ရပ်ရွာသီးသန့်အဆောက်အအုံ (CIF) အား ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရထံ မတ် ၂၄ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ဟောင်ကောင်၌ ပြည်မကြီး၏ ပံ့ပိုးကူညီမှုဖြင့်...
ဘာလင်၊ မတ် ၂၅ ရက် (ဆင်ဟွာ) သဘာဝဓာတ်ငွေ့ ရောင်းဝယ်ရာတွင် ရူဘယ်ငွေဖြင့် ပေးချေရေး ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်၏ ကြေညာချက်ကို ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz က မတ် ၂၃ ရက်က ပယ်ချလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်သားပြည်သူများ ခရီးသွားလာမှုအဆင်ပြေစေရန်အတွက် YBS ယာဉ်လိုင်းများကို ယခင် ည ၈နာရီ အထိပြေးဆွဲနေရာမှ ယခု ည ၁၀ နာရီအချိန်အထိ တိုးချဲ့ ပြေးဆွဲသွားရန်အတွက် YBS ယာဉ်လိုင်းကုမ္ပဏီများအား အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)...
နန်နင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယခုသီတင်းပတ် အစောပိုင်းက ပျက်ကျသွားခဲ့သော ခရီးသည်တင်လေယာဉ်မှ အင်ဂျင်အပျက်အစီး အစိတ်အပိုင်းများကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက မတ် ၂၄ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၂၀၂၂ခုနှစ် မတ် ၂၆ ရက်မှစတင်၍ ဘုရားဖူးချိန်အား နေ့စဉ် နံနက်(၅)နာရီ မှည(၇)နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကရုံးမှ အဖွဲ့မှူး ဦးရဲအောင်နိုင်က ဆင်ဟွာသို့ ယနေ့ မတ် ၂၅ ရက်တွင် အတည်ပြုပြောကြားသည်။