ဝါရှင်တန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တွင် COVID-19 ရောဂါပိုး ကူးစက်ခံရပြီးနောက် ၁၂ ရက်အကြာ၌ ရောဂါစစ်ဆေးမှုပြုလုပ်ခဲ့ရာ ဗိုင်းရပ်စ်ပိုးမတွေ့ရှိတော့ကြောင်း အိမ်ဖြူတော်သမားတော် Sean Conley က အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) အမေရိကန် ဆေးဝါး ကုမ္ပဏီကြီး Johnson & Johnson က ၎င်းတို့၏ COVID-19 ကာကွယ်ဆေးစမ်းသပ်မှုတွင် ပါဝင်သူတစ်ဦး ဖျားနာလာခြင်းကြောင့် ကာကွယ်ဆေးစမ်းသပ်မှုကို ယာယီရပ်တန့်ထားကြောင်း အောက်တိုဘာ ၁၂ ရက်က ပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံက စိန်ခေါ်မှုကြီး နှစ်ရပ်ကို ရင်ဆိုင်နေရကြောင်း COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် COVID-19 ရောဂါဖြစ်ပွားမှု...
ဂျီနီဗာ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ဗဟိုဥရောစံတာ်ချိန် အောက်တိုဘာ ၁၀ ရက် ၁၅ နာရီ မိနစ် ၄၀ အထိ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေသည် ပြီးခဲ့သောရက်ကထက် ၃၈၃,၃၅၉ ဦး တိုးမြင့်လာရာ ၎င်းမှာ ကိုဗစ် ဖြစ်ပွားသည့်ကာလမှစ၍ တစ်ရက်အတွင်း ထပ်တိုးလူနာအရေအတွက် အများဆုံးဖြစ်ခဲ့ကြောင်း...
ဘန်ကောက်၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ အလယ်ပိုင်း Chachoengsaoပြည်နယ်တွင် အောက်တိုဘာ ၁၁ ရက်က မီးရထားနှင့် ဘတ်စ်ကားတိုက်မိမှု ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ လူ ၁၇ ဦးသေဆုံးပြီး အခြား ၃၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။