ကဘူးလ်၊ မတ် ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အိမ်စောင့်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပညာသင်နှစ်အသစ်ကို မတ်၂၃ ရက်က စတင်ခဲ့ပြီး အာဖဂန် ကလေးငယ် သန်းပေါင်းများစွာသည် စာသင်ကျောင်းများသို့ သွားရောက်နေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ဒါကာ၊ မတ် ၂၄ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ ၏ တောင်ဘက် ၂၀၄ ကီလိုမီတာ အကွာတွင်တည်ရှိသော ပတူအာခါလီခရိုင်တွင် တရုတ်နိုင်ငံ၏ ငွေကြေးထောက်ပံ့မှုဖြင့် တည်ဆောက်ထားသော ပေရာ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစက်ရုံဖွင့်လှစ်ပြီးနောက် နိုင်ငံ၌ ၁၀၀ ရာခိုင်နှုန်းလျှပ်စစ် ဓါတ်အား ရရှိနေပြီဖြစ်သည်။ မတ် ၂၁...
ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေး အယူအဆ ခြုံငုံကောက်ချက်ချခြင်းနှင့် တရုတ် စီးပွားရေးလုပ်ငန်းများအား ကျိုးကြောင်းဆီလျော်မှုမရှိစွာ ဖိနှိပ်ရန် နိုင်ငံ့အာဏာသုံးပြုခြင်းကို တရုတ်နိုင်ငံက အပြင်းအထန်ကန့်ကွက်ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက မတ် ၂၄ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
နယူးယောက်၊ မတ် ၂၄ ရက်(ဆင်ဟွာ) ရုရှားမှ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန် စသည့် “ချစ်ကြည်ရင်းနှီးမှုမရှိသည့် နိုင်ငံများ”သို့ သဘာဝဓါတ်ငွေ့ရောင်းချသည့်အခါ ရူဘယ်နှင့်ပြောင်းလဲတွက်ချက်မည် ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က မတ် ၂၃ ရက်တွင် ကြေညာခဲ့သည်။ ရုရှားဈေးကွက်မှ ပြင်သစ်လုပ်ငန်းကြီးများ နုတ်ထွက်ကြရန် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ယင်းနေ့...
ဘရပ်ဆဲလ်၊ မတ် ၂၄ ရက် (ဆင်ဟွာ) နေတိုးတပ်ဖွဲ့သည် ၎င်း၏ အရှေ့ဘက်ခြမ်းတွင် စစ်ဆင်ရေးတပ်ဖွဲ့ဝင်များ ထပ်တိုးဖြန့်ကျက်မှုများ သိသိသာသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောကြားခဲ့ပြီး ယူကရိန်းအား နေတိုးအဖွဲ့သို့ ထည့်သွင်းရေးသည် “ဆွေးနွေးမှု အစီအစဉ်တွင် မပါကြောင်း” ထပ်လောင်းပြောကြားခဲ့သည်။