ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်း၍ အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် မြန်မာ့ရုပ်ရှင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အွန်လိုင်းရုပ်ရှင်ပွဲတော်ကို အောက်တိုဘာ ၈ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင် က ဆင်ဟွာသို့...
ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံသည် ကာကွယ်ဆေးမိတ်ဖက်ဖြစ်သော Gavi နှင့် အောက်တိုဘာ ၈ ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး COVAX နှင့် တရားဝင်ပူးပေါင်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က အောက်တိုဘာ ၉ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)အောက်တိုဘာလထဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် နေ့စဉ်အမေရိကန်ဒေါ်လာ ဝယ်ယူမှုများရှိနေသော်လည်း ဒေါ်လာဈေးမှာ ရက်ပိုင်းအတွင်း ၁၀ ကျပ်ခန့် ကျဆင်းခဲ့ကာ ဘဏ်များ၊ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာပြန်လည်ဝယ်ယူသည့်ဈေးသည် တစ်ဒေါ်လာလျှင်၁၂၉၅ကျပ်အထိ ကျဆင်းလာကြောင်း သိရသည်။
ရှင်းကျန်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Altay စီရင်စုရှိ Kanas ရှုမျှော်ခင်းနေရာရှိ သန့်ရှင်းသောရေကန်များ၊ ရေခဲမြစ်များ၊ သစ်တောများနှင့် မြက်ခင်းပြင်များက အမြင်တင့်တယ်စေပြီး ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။ Kanas ရေကန်က ယင်းနေရာ၏ ဆွဲဆောင်မှုအရှိဆုံးနေရာတစ်ခုဖြစ်သည်။ အဆိုပါ...
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ကျောက်မျက်အချောထည် ပူးပေါင်းစစ်ဆေးရေးစခန်း One Stop Service (OSS) လုပ်ငန်းစဉ်များအား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၄ ရက်အထိ ယာယီရပ်နားရန်ညွှန်ကြားထားကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာဦးသက်ခိုင်က ဆင်ဟွာသို့ အောက်တိုဘာ ၉ ရက်တွင်ပြောသည်။