မော်စကို ၊ မတ် ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် ဆန္ဒရှိပါက တင်းမာမှုများ အရှိန်မြင့်လာခြင်းကို ရပ်တန့်ရမည် ဖြစ်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က မတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ မတ် ၂၃ ရက် (ဆင်ဟွာ) မတ် ၂၂ ရက်က ကျင်းပသည့် ၄၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၏ လူနည်းစုအရေး အထူးကိုယ်စားလှယ်ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ ကိုယ်စားလှယ်က အမေရိကန်အနေဖြင့် လူနည်းစုအခွင့်အရေးကို လက်တွေ့ကျကျ ကာကွယ်ရန် တိုက်တွန်းပြောကြားခဲ့သည်။
နန်နင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ခရီးသည် ၁၃၂ ဦး စီးနင်းလိုက်ပါသွားသော ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျပြီးနောက် အသက်ရှင်ကျန်ရစ်သူမတွေ့ရှိရသေးကြောင်း လေကြောင်းမှ တာဝန်ရှိသူက မတ် ၂၂ ရက်နှောင်းပိုင်း၌ ပြောကြားခဲ့သည်။
နန်နင်း ၊ မတ် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ပျက်ကျသွားသည့် လူပေါင်း ၁၃၂ ဦး လိုက်ပါလာသော ခရီးသည်တင်လေယာဉ်၏ ပျံသန်းမှုခရီးစဉ် အသေးစိတ်အကြောင်းအရာကို အလိုအလျောက် မှတ်တမ်းတင်ပေးသည့် စက်ကိရိယာ(Black Boxes)များအား ပြန်လည်ရယူရန် ကယ်ဆယ်ရေးသမားများက အစွမ်းကုန်ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း...
အစ္စလာမ်မာဘတ်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi တို့သည် မတ် ၂၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နယ်ပယ်စုံ၌ လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။