ဘန်ကောက် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရထားစက်ခေါင်းထုတ်လုပ်ရေး (CRRC) Qishuyan Co. Ltd ကုမ္ပဏီမှ တပ်ဆင်ထုတ်လုပ်သည့် ရထားစက်ခေါင်းများ ပထမအသုတ်ကို ထိုင်းနိုင်ငံ၏ ရထားသယ်ယူ ပို့ဆောင်ရေးအဆင့်မြှင့်တင်ရန်အတွက် ထိုင်းရထားပို့ဆောင်ရေးအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ပါရီ ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ နှင့် ပါရီ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲများကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တင်ဆက်ကပြသည့် အထူးယဉ်ကျေးမှုဖျော်ဖြေပွဲအစီအစဉ်တစ်ခု၏ မြင်ကွင်းပုံရိပ်များကို တရုတ်လပြက္ခဒိန် (ကျားနှစ်) ၏ ပထမဆုံးရက်ဖြစ်သော ဖေဖော်ဝါရီ ၁ ရက်တွင် ပြင်သစ်နိုင်ငံ၏ TV5 Monde...
ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့၌ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်နှင့်တွေ့ဆုံဆွေးနွေးစဉ်အတွင်း အမျိုးမျိုးသောကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) “ဒါကတော့ ဆောင်းရာသီအားကစားအတွက် အလွန်ရေပန်းစားတဲ့ ပေကျင်းရှီချိုင်း ရေခဲပြင်ဖြစ်ပါတယ်။ ခရီးသွားဧည့်သည်တွေက ရေခဲထိုင်ခုံများနဲ့ ရေခဲပြင်ပေါ်တွင်စီးတဲ့စက်ဘီးတွေလိုမျိုး နည်းအမျိူးမျိုးနဲ့ ရေခဲပြင်မှာဆော့ကစားနိုင်ပါတယ်။ သမ္မတ ရှီကျင့်ဖိန်က ၂၀၁၄ ခုနှစ်က ဒီနားမှာရှိတဲ့ လူသွားလမ်း Nanluoguxiang ကိုစစ်ဆေးဖို့လာတဲ့အခါ ငယ်ငယ်က အနီးအနားမှာ နေခဲ့ရတာကို...
ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) “မင်္ဂလာပါ ပေကျင်း၊ ၂၀၂၂ ခုနှစ် ဆောင်းရာသီအားကစားပြိုင်ပွဲမှာ အိုလံပစ်ပြိုင်ပွဲ၀င်မယ့်သူတွေနဲ့ မသန်စွမ်းအားကစားပြိုင်ပွဲ၀င်ရောက်ယှဉ်ပြိုင်မည့်သူ အားလုံးကိုဂုဏ်ပြုပါတယ်။ အိုလံပစ်စိတ်ဓာတ်ဆိုတာ ငြိမ်းချမ်းရေး၊ အပြန်အလှန်လေးစားမှုနဲ့ နားလည်ပေးမှု တွေပဲဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ပြိုင်ပွဲ၀င်တွေက အဲဒီအရည်အသွေးတွေကို ပေါင်းစပ်ပြီး ကျွန်တော်တို့အားလုံးရဲ့စိတ်ဓာတ်ကို လှုံ့ဆော်ပေးပါတယ်။ ကျွန်တော့်အနေနဲ့မျှော်လင့်တာကတော့ ဒီစိတ်ဓာတ်က အိုလံပစ်ပွဲအတွင်းမှာသာမကပဲ...