Connect with us

Media

“သမ္မတရှီ နှင့် ဆောင်းရာသီအားကစား ဇာတ်လမ်း”

ပေကျင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

“ဒါကတော့ ဆောင်းရာသီအားကစားအတွက် အလွန်ရေပန်းစားတဲ့ ပေကျင်းရှီချိုင်း ရေခဲပြင်ဖြစ်ပါတယ်။ ခရီးသွားဧည့်သည်တွေက ရေခဲထိုင်ခုံများနဲ့ ရေခဲပြင်ပေါ်တွင်စီးတဲ့စက်ဘီးတွေလိုမျိုး နည်းအမျိူးမျိုးနဲ့ ရေခဲပြင်မှာဆော့ကစားနိုင်ပါတယ်။ သမ္မတ ရှီကျင့်ဖိန်က ၂၀၁၄ ခုနှစ်က ဒီနားမှာရှိတဲ့ လူသွားလမ်း Nanluoguxiang ကိုစစ်ဆေးဖို့လာတဲ့အခါ ငယ်ငယ်က အနီးအနားမှာ နေခဲ့ရတာကို ပြန်သတိရမိတယ်လို့ပြောပါတယ်။ သူကကျောင်းဆင်းချိန်ဆိုစကိတ်စီးဖို့ ရှီချိုင်းကို အမြဲတမ်းလာတယ်လို့ပြောပြခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သူက အမြန်စီးလို့ရတဲ့စကိတ်တစ်စုံကို တကယ်လိုချင်ခဲ့တယ်လို့ပြောပါတယ်။ နောက်ပိုင်းမှာ သူရဲ့ညီလေးက ရေခဲပြင်ဟော်ကီအားကစားကို တကယ်ကြိုက်တာကို သူသိလိုက်တဲ့အတွက် သူ့ညီလေးကိုဆော့ကစားဖို့ အခွင့်အရေးပေးလိုက်ပါတယ်။”

နှစ်တွေကြာပြီးနောက် သမ္မတ ရှီကျင့်ဖိန်က ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို တရုတ်နိုင်ငံက ကမ်းလှမ်းခံရတယ်ဆိုတာကို ကြေညာလိမ့်မယ်လို့ ဘယ်သူကစဉ်းစားမိပါ့မလဲ။

“တရုတ်လူမျိုးတွေအနေနဲ့ အလွန်တရာမှ ထူးခြားကောင်းမွန်သော ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ပေးကျင်းမှာ ကျင်းပပြီး ကမ္ဘာကိုချပြမှာဖြစ်ပါတယ်”

သမ္မတရှီကျင့်ဖိန်က ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် သေချာဂရုတစိုက် စီစဉ်ခဲ့တယ် ၂၀၁၇ ခုနှစ်ကတည်းက ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကျင်းပရန် နေရာများနှင့်ဆိုဒ်များသို့ ငါးကြိမ်တိုင်အောင်စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ အမျိုးသား ဆောင်းရာသီအားကစားပွဲများ လေ့ကျင့်ရေးစင်တာ၊ ပေကျင်းမြို့

“ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲဟာ တရုတ်နိုင်ငံအတွက် ဆောင်းရာသီအားကစားများဆော့ကစားဖို့ ကြီးမားတဲ့တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ် ဒါက ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်သာရနိုင်တဲ့ အခွင့်အရေးမျိုး ဖြစ်ပါတယ်။ ကြိုးကြိုးစားစားလုပ်ကြရအောင်။
တရုတ်နိုင်ငံ၏ ဆောင်းရာသီအားကစားပွဲတော်သို့ သွားကြစို့၊
သွားကြစို့။”

သမ္မတရှီအဖို့ ပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပွဲက အားကစားပွဲသပ်သပ်မဟုတ်ပါဘူး သူ့မှာပိုကြီးမားသည့်အစီအစဉ်တွေရှိပါတယ်

“တကယ်လို့များ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ပေကျင်းနဲ့ ကျန်းကျားခိုမှာကျင်းပနိုင်ခဲ့မယ်ဆိုရင် နောက်ထပ် လူသန်း ၂၀၀ နဲ့ ၃၀၀ ကိုဆောင်းရာသီအားကစားကို ဆွဲဆောင်နိုင်လိမ့်မယ်။ အိုလံပစ် စိတ်ဓာတ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းကတော့ အားကစားကို လူကြိုက်များလာစေဖို့၊ လူထုပါဝင်အားပေးဖို့နဲ့ ပြည်သူများရဲ့ကျန်းမာရေးကို မြှင့်တင်ဖို့ပဲ ဖြစ်ပါတယ်။ အိုလံပစ်ဆောင်ပုဒ်အတိုင်း အတူတကွပေါင်းစည်းခိုင်မာစေဖို့ အားကစားသည် မိတ်ဆွေဖွဲ့ရန်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်” (Interview During Sochi Winter Olympic) ဆိုချီဆောင်းရာသီအိုလံပစ်အတွင်း တွေ့ဆုံမေးမြန်းစဉ်

IOC ဥက္ကဌ Thomas Bach က တစ်ခါက ပြောဖူးတယ်။ “သမ္မတရှီက စစ်မှန်တဲ့ ချန်ပီယံတစ်ဦးဖြစ်ပြီး သူ့ကို ဆုတံဆိပ်တစ်ခုပေးချင်ပါတယ် ဘာကြောင့်လဲဆိုတော့ သူ့ဆီမှာလူအဖွဲ့အစည်းအတွင်း အားကစားရဲ့အရေးပါတဲ့ အခန်းကဏ္ဍနဲ့ လူငယ်များအတွက်အားကစားရဲ့ အရေးပါမှုပညာပေးအတွက် ရှင်းလင်းမြင်သာတဲ့ အမြော်အမြင်ရှိလို့ပါ။”
ယနေ့မှာတော့ ၂၀၂၂ဆောင်းရာသီအိုလံပစ်သည် အမှန်တကယ်ပင် ရောက်ရှိလာခဲ့ပါပြီ
“ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးသောအားကစားတွေကို ကမ္ဘာကိုချပြနိုင်ဖို့လုံလမစိုက်ဘဲမနေပါဘူး။ တစ်ကမ္ဘာလုံးက တရုတ်ကို စောင့်ကြည့်နေပါတယ် တရုတ်နိုင်ငံအနေနဲ့လည်း အဆင်သင့်ဖြစ်နေပါပြီ”

တရုတ်နိုင်ငံအနေနဲ့အဆင်သင့်ဖြစ်နေပါပြီ ကျွန်မလည်းအသင့်ပါပဲ အတူတူသွားကြရအောင်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.