ဘာမင်ဂန် ၊ ဖေဖော်ဝါရီ (၁၃) ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ၊ ဘာမင်ဂန်မြို့ရှိ တရုတ်ကုမ္ပဏီတစ်ခု၏ ထောက်ပံ့ပို့ဆောင်ရေး ကုန်လှောင်ရုံသည် လုပ်သားစက်ရုပ် ၁၂၈ ရုပ်နှင့်အတူ တစ်နေ့လျှင် အော်ဒါပေါင်း ၂၀,၀၀၀ ကို နိုင်နိုင်နင်းနင်း လက်ခံနိုင်ပြီး ဆောင်ရွက်လျက်ရှိသည်။(Xinhua) …………………………. GLOBALink | Chinese...
ကင်ဘာရာ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ထောင်နှင့်ချီသော ဩစတြေးလျနိုင်ငံသားတို့သည် ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးဆိုင်ရာ ပြဋ္ဌာန်းချက်များအား ကန့်ကွက်ဆန္ဒပြရန် မြို့တော်တွင် စုဝေးရောက်ရှိလာခဲ့ကြသည်။
တီရာနာ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ နယ်စပ်အနီးတွင် တင်းမာမှုများ အရှိန်မြင့်တက်နေချိန်တွင် အယ်လ်ဘေးနီးယား နိုင်ငံသားများအား ယူကရိန်းမှ အမြန်ဆုံး ထွက်ခွာကြရန် အယ်လ်ဘေးနီးယားနိုင်ငံ၊ ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန (MEFA) က တောင်းဆိုလိုက်ကြောင်း သိရသည်။
လားဂို့စ်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံရှိ စီးပွားရေးအချက်အခြာဖြစ်သော လားဂို့စ်မြို့တွင် သုံးထပ်အဆောက်အဦ ပြိုကျပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်က လူ ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် တောင်ပိုင်းကမ်းရိုးတန်းတွင် ပင်လယ်မှ ရေလှိုင်းရိုက်ခတ်မှုကြောင့် ဖေဖော်ဝါရီ ၁၃ ရက်၌ လူ ၁၁ဦ သေဆုံးခဲ့ကြောင်း ဒေသခံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။